Sustainable Development Goals
Seadstem_SDG_RGB_11-2

လုံခြုံသော၊ ကြံ့ကြံ့ခံပြီး ရေရှည်ခိုင်မြဲခြင်း အားလုံးပါဝင်သော မြို့တော်များ နှင့် လူအခြေချနေထိုင်ခြင်း တို့ကို လုပ်ဆောင်ခြင်း

သင်အနေဖြင့် အများနည်းတူ ဖြစ်နေလျှင် သင်သည် မြို့တွင် နေထိုင်သူဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ခန့်မှာ အခုချိန်တွင် မြို့များတွင် နေထိုင်ကြပြီး ထိုကိန်းဂဏန်းမှာ ၂၀၅၀ ခုနှစ်တွင် လူသား၏ ၃ပုံ၂ပုံခန့် ဖြစ်လာနိုင်သည်။ မြို့များပို၍ ကြီးမားလာသည်။ ၁၉၉၀ ခုနှစ်တွင် ၁၀ သန်း (သို့) ထိုထက်များသော အခြေချနေထိုင်သူ နှင့်အတူ “ဧရာမ မြို့ကြီးများမှာ” ၁၀ မြို့သာ ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် လူဦးရေ ၄၅၃ သန်း နေထိုင်သော ဧရာမ မြို့ကြီးမှာ ၂၈ ခု ဖြစ်လာခဲ့သည်။ မယုံကြည်နိုင်လောက်အောင်ပဲ မဟုတ်လား။ လူအတော်များများမှာ မြို့များကို နှစ်သက်ကြသည်၊ ၎င်းတို့သည် ယဉ်ကျေးမှူ နှင့် စီးပွါးရေးလုပ်ငန်း နှင့် ဘဝများ၏ အချက်အချာ ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလွန်တရာ ဆင်းရဲခြင်း၏ အချက်အချာ လည်းဖြစ်ပေသည်။ အားလုံးအတွက် မြို့တော်များကို ရေရှည်ခိုင်မြဲစေရန် ကျွန်ုပ်တို့ အနေဖြင့် ကောင်းမွန်ပြီး၊ တတ်နိုင်သော အများပြည်သူဆိုင်ရာ အိမ်ရာများကို ဖန်တီးနိုင်သည်။ ဆင်းရဲသူများ အခြေချနေထိုင်သော ရပ်ကွက်ကို အဆင့်မြင့်တင် နိုင်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ စိမ်းလန်းသော နေရာများ ဖန်တီးခြင်း၊ နှင့် မြို့ပြ စီမံကိန်းရေးဆွဲရေး ဆုံးဖြတ်ချက်များတွင် နယ်ပယ်အစုံမှ လူများ ပါဝင်ခြင်းတို့ကို ဖန်တီးပေးနိုင်ပါသည်။ ထိုနည်းလမ်းဖြင့် မြို့များတွင် ကျွန်ုပ်တို့ နှစ်သက်သော အရာများကို ထိန်းသိမ်းနိုင်ပြီး၊ မနှစ်သက်သော အရာများကို ပြောင်းလဲပေးနိုင်ပါသည်။

Related Resources