Sustainable Development Goals
Sustainable Development Goal - 03 - Good Health and Well-Being

ကျန်းမာသော အသက်တာ နှင့် အသက်အရွယ်မရွေး လူတိုင်းအတါက် သုခချမ်းသာ ရရှိစေမှူကို သေချာစေရန်

ကျန်းမာရေး ကောင်းမွန်ခြင်းသည် ဘယ်လောက်အရေးကြီးကြောင်း ကျွန်ုပ်တို့အားလုံး သိပါသည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးသည် ဘဝတွင် ကျွန်ုပ်တို့ မည်မျှ ပျော်မွေ့ကြောင်းမှ မည်သည့်အလုပ်ကို ကျွန်ုပ်တို့ လုပ်ဆောင်နိုင်သည် အထိ အရာအားလုံးတွင် အကျိုးသက်ရောက်မှူ ရှိသည်။ ထို့ကြောင့် ကျန်းမာရေးအာမခံချက် နှင့် လုံခြုံပြီး ထိရောက်သော ဆေးဝါးများ နှင့် ကာကွယ်ဆေးများကို လူတိုင်း ရရှိနိုင်ခြင်းကို သေချာစေသော ပန်းတိုင် ရှိခြင်း ဖြစ်သည်။ SDGs မတိုင်မီ ၂၅နှစ်တွင် ကြီးမားသော တိုးတက်မှူရှိခဲ့သည် – ကာကွယ်နိုင်သော ကလေး သေဆုံးမှူမှာ ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပြီး၊ မိခင်သေဆုံးခြင်းမှာ ထိုမျှနီးပါး ကျဆင်းခဲ့သည်။ သို့သော် ကလေးငယ် ၆ သန်းခန့်မှာ သူတို့၏ အသက် ၅နှစ် မွေးနေ့မတိုင်ခင် သေဆုံးခြင်း၊ (သို့) အာဖရိက ဆာဟာရ တောင်ပိုင်းဒေသမှ ဆယ်ကျော်သက်များ၏ သေဆုံးရသည့် အဓိကအကြောင်းအရင်းမှာ AIDS ဖြစ်နေခြင်း ကဲ့သို့ အခြားသော ဂဏန်းများမှာ ဝမ်းနည်းဖွယ်ရာ မြင့်မားလျက် ရှိနေသေးသည်။ ကျွန်ုပ်တို့သည် ထိုအရာကို ပြောင်းလဲပြီး၊ ကျန်းမာရေး ကောင်းမွန်ခြင်းအား ဆန္ဒတစ်ခုထက် ပိုမိုအောင် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။

Related Resources