အရင်းအမြစ်များ

ပစ္စည်းဟောင်းကို အဆင့်မြင့်တင်၍ ပြန်လည်အသုံးပြုကြရအောင်!

လက်သင်
Photo: © iStock-664980412_Rawpixel
1 Star2 Stars3 Stars4 Stars5 Stars (9 )
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဘူမိသိပ္ပံဘာသာရပ်
ခေါင်းစဉ်များ
ရာသီဥတုပြောင်းလဲမှု ရေရှည်တည်တံ့မှု
လှုပ်ရှားမှုများအတွက်အချိန်
၄၅ − ၆၀ မိနစ်

ကျွန်ုပ်တို့၏ ဘဝကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်သည့် တီထွင်မှု တစ်ခုသည် ယခု ကျွန်ုပ်တို့၏ ကမ္ဘာမြေကို ဖိစီးစေသည်။ ပလတ်စတစ် ညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် ယနေ့ အရေးတကြီး ရင်ဆိုင်နေရသော အရေးအပါဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

ကျွန်ုပ်တို့၏ ဘဝကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်သည့် တီထွင်မှု တစ်ခုသည် ယခု ကျွန်ုပ်တို့၏ ကမ္ဘာမြေကို ဖိစီးစေသည်။ ပလတ်စတစ် ညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် ယနေ့ အရေးတကြီး ရင်ဆိုင်နေရသော အရေးအပါဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။

ပလတ်စတစ်ကို သုံးပြီး စွန့်ပစ်သော ယဉ်ကျေးမှုသည် ပြင်းထန်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ကျွန်ုပ်တို့၏ မြေ၊ ရေထု၊ တိရိစ္ဆာန်များ၊ ငှက်များ နှင့် အဏ္ဏဝါသက်ရှိများ၏ ၎င်းတို့ စနစ်တွင်ပင် ပလပ်စတစ်များ ရှိနေသည်ကို တွေ့ရှိရပါသည်။ အန္တရာယ်ရှိသော ပလတ်စတစ် အမှုန်အမွှားများသည် ဧ၀ရက်တောင်မှ မာရီယာနာ ကတုတ်ကျင်းအထိ ကမ္ဘာအနှံ့တွင် ရှိနေပါသည်။

ပလပ်စတစ် အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် ထိုပစ္စည်းများ အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားပြီး ထိရောက်၍ ပြန်လည်အသုံးပြုနိုင်သော စီမံကိန်းများကို လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံအများအပြား ကတိကဝတ် ပြုထားပါသည်။
နိုင်ငံပေါင်းစုံမှ အစိုးရများသည် ဤကောင်းမွန်သော ပမာဏခြေလှမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းနေစဉ် ဒေသဆိုင်တွင်း နှင့် ကျွန်ုပ်တို့၏ အိမ်တွင်လည်း ပလတ်စတစ်သုံးစွဲမှုကို လျှော့ချရန် ရှိပြီးသား အရင်းအမြစ်များဖြင့် ကျွန်ုပ်တို့ လုပ်နိုင်သော အရာတစ်ခုခု ရှိပါသလား။

ဟုတ်ပါသည်၊ ကျွန်ုပ်တို့ ကူညီနိုင်သော နည်းလမ်းရှိပါသည် − ပစ္စည်းဟောင်းကို အဆင့်မြင့်တင်၍ ပြန်လည်အသုံးပြုခြင်း ဖြစ်ပါသည်။ စွန့်ပစ်ပစ္စည်းများ၏ သက်တမ်းကို တိုးချဲ့ပြီး ၎င်းကို အသုံးဝင်သော အရာအဖြစ် ပြန်လည် သုံးစွဲခြင်းအားခြင်းဖြင့် ၎င်းအား တန်ဖိုးမြှင့်ခြင်းကို ပစ္စည်းဟောင်းကို အဆင့်မြင့်တင်၍ ပြန်လည်အသုံးပြုခြင်း ဟုခေါ်သည်။

ဤလုပ်ဆောင်မှုသည် ရိုးရှင်းသော သိပ္ပံနည်းကျ သဘောတရားများကို အသုံးပြုပြီး စွန့်ပစ်ပစ္စည်းများကို အသုံးဝင်သော အရာဝတ္ထုများအဖြစ် လိုက်ဖက်အောင် ပြုလုပ်နိုင်သော အဆုံးမဲ့ ဖြစ်နိုင်ချေများကို အမြင်ဖွင့်ပေးနိုင်ပြီး အသစ် ထုတ်လုပ်ထားသော ပလတ်စတစ်ပစ္စည်းများကို ၀ယ်ယူရန် လိုအပ်မှုကို မေးခွန်းထုတ်စေပါသည်။

အဓိက ရည်ရွယ်ချက်များ
  • လက်တွေ့ လုပ်ဆောင်မှု မှတဆင့် ဆံခြည်ပြွန်လျှောက် ဂုဏ်သတ္တိသည် ကိုယ်တိုင် ရေလောင်းနိုင်သော အပင်အိုးကို ပြုလုပ်ရန် မည်သို့ ကူညီပေးနိုင်သည် နှင့် ၎င်း၏ ရေထိရောက်မှုကို နားလည်ရန် ကလေးများ လေ့လာရပါမည်။
  • ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများကို ပိုမိုကောင်းမွန်စွာ ခွဲခြားရာတွင် ကူညီပေးနိုင်သော ကုန်ထုပ်ပစ္စည်းရှိ ပြန်လည်အသုံးပြုနိုင်သော ပလစတစ် ကုဒ်များအား ကလေးများသည် ပိုမိုကောင်းမွန်စွာ နားလည်လာပါမည်။
  • ပစ္စည်းဟောင်းကို အဆင်မြင့်တင်၍ ပြန်လည်အသုံးပြုခြင်းသည် စွန့်ပစ်ပစ္စည်း ပြဿနာများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်သော နည်းလမ်း တစ်ခုဖြစ်ကြောင်း နှင့် အိမ်တွင် အလွယ်တကူ အကောင်အထည် ဖော်နိုင်သည်ကို ကလေးများ နားလည်လာပါမည်။
  • ပစ္စည်းဟောင်းကို အဆင်မြင့်တင်၍ ပြန်လည်အသုံးပြုခြင်းသည် ဆန်းသစ်တီထွင် စွန့်ဦးတီထွင် လုပ်ငန်းရှင် အခွင့်အလမ်း တစ်ခု ဖြစ်နိုင်ကြောင်း ကလေးများ နားလည်လာပါမည်။
လမ်းညွှန်မှုမေးခွန်းများ
  1. ဘယ်အကြောင်းအရာက ရေကို ချည်ပေါ်တက်စေသနည်း။ ဤဖြစ်စဉ်ကို သဘာဝကမ္ဘာ၌ တွေ့မြင်ရသော ဥပမာတစ်ခုကို သင်စဉ်းစားနိုင်ပါသလား။ (အပင်အမြစ်များသည် မြေမှရေကို စုပ်ယူသည်)
  2. စွန့်ပစ်ပစ္စည်း ခွဲခြားခြင်း ဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် လိုအပ်ပါသလား။
  3. နေ့စဉ် ကျွန်ုပ်တို့၏ အိမ်များတွင် ပလပ်စတစ် စွန့်ပစ်ပစ္စည်း မည်မျှထွက်ပါသနည်း။ ၎င်းတို့ အားလုံးကို ပြန်လည် အသုံးပြုနိုင်ပါသလား။ (ပြန်လည်အသုံးပြုနိုင်သည့် ပလပ်စတစ် ကုဒ်များကို မိတ်ဆက်ပါ)
  4. ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှု အတွက် အသုံးပြုနေသော ဘူးကို ပြန်လည်အသုံးပြုနိုင်ပါသလား။ ၎င်းကို ပြန်လည် အသုံးပြုခြင်းသို့ စွမ်းအင် ဘယ်လောက်အထိ သုံးရပါသနည်း။ (PETE 1 ကို ပြန်လည်အသုံးပြုခြင်း အဆင့်များ နှင့် ၎င်းမှ မည်သည့် ပစ္စည်းများ ပြုလုပ်နိုင်သည်ကို ဆွေးနွေးပါ။ ဥပမာ − ပရိဘောဂ၊ ကော်ဇော၊ ထည့်စရာဘူး စသဖြင့်)
  5. ပြန်လည်အသုံးပြုခြင်းကို မည်သူ လုပ်ပါသနည်း။ ဤလုပ်ငန်းစဉ်တွင် အကန့်အသတ် ရှိပါသလား။
  6. ကျွန်ုပ်တို့ အိမ်ရှိ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများဖြင့် တစ်ခုခု ပြုလုပ်လို့ ရပါသလား။ (ပစ္စည်းဟောင်းကို အဆင့်မြင့်တင်၍ ပြန်လည်အသုံးပြုခြင်းကို စာရေးကိရိယာများ ထည့်ရန် ဒိန်ချဥ်ဘူးကို သုံးခြင်း၊ စွန့်ပစ်စက္ကူမှ လက်မှု စက္ကူပစ္စည်းများ ပြုလုပ်ခြင်း စသော ဥပမာဖြင့် မိတ်ဆက်ပေးပါ)။

စာရေးသူများ

Yoshida Menon, Preveena Nandakumar