အရင်းအမြစ်များ

လေ သန့်စင်ခြင်း

ပိုမိုကောင်းမွန်သော
iStock-145237344_rehmno_768x512-01 Photo: © iStock-145237344_rehmno
1 Star2 Stars3 Stars4 Stars5 Stars (1 )
Loading...
Resource Type
စီမံကိန်း
Subjects
ဘူမိသိပ္ပံဘာသာရပ် အင်ဂျင်နီယာ
Topics
အင်ဂျင်နီယာလုပ်ငန်းစဉ် ရေရှည်တည်တံ့မှု
Time for activity
၂-၃ နာရီ

ဤလုပ်ဆောင်ချက်တွင် ကျောင်းသားများသည် လေထု၏ ၅၀%ကျော်ကို ပိတ်ဆို့ခြင်းမရှိဘဲ စီစစ်ခြင်း နှင့် ဒီဇိုင်းပြုလုပ်ရာတွင် အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကိုပြုလုပ်သည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

လေထုညစ်ညမ်းမှုသည်အစိုင်အခဲ၊အရည်အမှုန်များနှင့်လေထဲတွင်အချို့သောဓာတ်ငွေ့များ ဆိုင်းနေ သောကြောင့် ဖြစ်သည်။ ထိုအမှုန်များနှင့် ဓာတ်ငွေ့များသည် ကားနှင့်ထရပ်ကား အိတ်ဇောများ၊ စက်ရုံများ၊ ဖုန်မှုန့်များ၊ ဝတ်မှုန်များ၊ မှို မျိုးမှုန်များ၊ မီးတောင်များနှင့်တောမီးများမှထွက်လာနိုင်သည်။ ကျွန်ုပ်တို့၏လေထဲတွင်ဆိုင်းငံ့ထားသောအစိုင်အခဲများနှင့်အရည်အမှုန်များကို အဲလ်ရယ်စို (aerosols) ဟုခေါ်သည်။

လေထုအတွင်းရှိအချို့သောဓာတ်ငွေ့များသည်လေထုညစ်ညမ်းမှုကိုဖြစ်စေနိုင်သည်။သာဓကအားဖြင့် မြို့ကြီးများတွင် အိုဇုန်းလွှာဟုခေါ်သော ဓာတ်ငွေ့သည် လေထုညစ်ညမ်းမှု၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အိုဇုန်းလွှာသည် ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပြီး ကျွန်ုပ်တို့ပတ်ဝန်းကျင် အတွက် ကောင်းကျိုး ဆိုးကျိုး ဖြစ်စေနိုင်သည်။ ၎င်းသည် ကမ္ဘာ၏လေထုထဲတွင် ရှိနေသည့်နေရာတွင် မူတည်သည်။ ကျွန်ုပ်တို့၏ လေထုထဲတွင် မြင့်မားသောနေရာတွင်ရှိသည့် အိုဇုန်းလွှာသည် ကောင်းသောအရာ တစ်ခု ဖြစ်သည်။၎င်းသည် နေမှလာသောအန္တရာယ်ရှိသည့် ဓာတ်ရောင်ခြည်ကို ကာကွယ်ရန် ကူညီ ပေးသည်။ သို့သော် အိုဇုန်းလွှာသည် မြေပြင်နှင့်နီးကပ်လာပါက ကျွန်ုပ်တို့၏ ကျန်းမာရေး အတွက် အလွန်ဆိုးရွား နိုင်သည်။ စက်ရုံများ သို့မဟုတ် ကားအိတ်ဇောကဲ့သို့သော ဓာတ်ငွေ့လောင်စာ များမှ ထွက်လာသော ဓာတုပစ္စည်းအချို့ နှင့် နေရောင်ခြည် ဓာတ်ပြုလျှင် မြေပြင်အဆင့်အိုဇုန်းကို ဖန်တီးသည်။ လေထဲရှိ အမှုန်များသည် အိုဇုန်းလွှာနှင့် ပေါင်းသောအခါ သူတို့သည် မီးခိုးမြူများကို ဖြစ်ပေါ်စေသည်။ မီးခိုးမြူ သည် လေထုညစ်ညမ်းမှု အမျိုးအစားဖြစ်ပြီး မီးခိုးမြူမှုန်များကဲ့သို့ ကြည့်ရှုရန် ခက်ခဲစေသည်။

လေထုညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများကိုနည်းပါးစေပြီး လျှော့ချနိုင်ရန် အင်ဂျင်နီယာများသည် စက်မှုလုပ်ငန်း များမှ အမှုန်များကို ဖယ်ရှားသည့် နည်းလမ်းများကို ဒီဇိုင်းရေးဆွဲသည်။ စက်မှုအင်ဂျင်နီယာများ ရင်ဆိုင်ရသော အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုမှာ စက်မှုလေထုညစ်ညမ်းမှုကို ကာကွယ်ရန် နည်းစနစ်အသစ်များ တီထွင်ဖန်တီးခြင်း ဖြစ်သည်။ လေထု ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများကို အနည်းဆုံး ဖြစ်စေရန် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးသည့် ခေတ်မီညစ်ညမ်းစေသော ပြန်လည်ထူထောင်ရေး နည်းစနစ်များနှင့် စက်မှုနည်းပညာများကို အင်ဂျင်နီယာများ တီထွင်ဖန်တီးနိုင်ကြသည်။ စက်မှုနှင့် ပတ်ဝန်းကျင် အင်ဂျင်နီယာများသည် နည်းပညာဟောင်းများမှ ပြသနာများကို ထိန်းချုပ်ရန် နည်းပညာ အသစ်များကို တီထွင်ကြသည်။ ဥပမာအားဖြင့်၊ အင်ဂျင်နီယာများသည် အိမ်များနှင့် စီးပွားရေး လုပ်ငန်းများတွင် များသောအားဖြင့် အသုံးပြုသော လေစစ်ခြင်းစနစ်များကို တီထွင်ကြသည်။ ဤလှုပ်ရှားမှုတွင် ကျောင်းသားများသည် အလားတူ အင်ဂျင်နီယာဆိုင်ရာ စိန်ခေါ်မှု တစ်ခုကို ပြုလုပ်သည်။ ၎င်းတို့သည် ဒီဇိုင်းဆွဲခြင်းနှင့် လေထု၏ ၅၀% ကျော်ကို ပိတ်ဆို့ခြင်းမရှိပဲ လေစီးကြောင်းမှ ငရုတ်ကောင်းမှုန့်များကို ဖယ်ရှားရန် ဇကာ တစ်ခုတည်ဆောက်သည်။

အဓိက ရည်ရွယ်ချက်များ
  1. လေထုညစ်ညမ်းမှု၏ အကြောင်းရင်းများနှင့် ကျန်းမာရေး အကျိုးသက်ရောက်မှု များစွာကို ဖော်ပြရန်
  2. အခန်းတွင်း၌ပင် လေစစ်ထုတ်နိုင်သည့် ပုံစံငယ်တစ်ခုကို ဖန်တီးရန် အင်ဂျင်နီယာ ဒီဇိုင်းဆွဲခြင်း / စမ်းသပ်ခြင်း / တည်ဆောက်ခြင်းဖြစ်စဉ်ကို သုံးနိုင်ရန်
  3. ဧရိယာတစ်ခုအတွင်း စုဆောင်းရရှိသော အမှုန်အရေအတွက် ပျမ်းမျှကို ရေတွက်ရန်နှင့် တွက်ချက်နိုင်ရန်။
  4. လေထုညစ်ညမ်းမှုကို သန့်စင်စေရန် အင်ဂျင်နီယာများသည် လေစစ်စက်များကို မည်သို့ တည်ဆောက်သည် ကိုနားလည်‌‌‌‌စေရန်။
လမ်းညွှန်မှုမေးခွန်းများ
  1. (ပတ်ဝန်းကျင်) ညစ်ညမ်းမှု အမျိုးအစားများမှာ အဘယ်နည်း။
  2. (ပတ်ဝန်းကျင်) ညစ်ညမ်းမှု၏ အဓိက အကြောင်းရင်းများမှာ အဘယ်နည်း။
  3. (ပတ်ဝန်းကျင်) ညစ်ညမ်းမှုကို ကာကွယ်ရန် ကျွန်ုပ်တို့ အဘယ်အရာများကို ပြုလုပ်နိုင်သနည်း။

Authors

Integrated Teaching and Learning Program, College of Engineering, University of Colorado Boulder Ben Heavner; Melissa Straten; Malinda Schaefer Zarske; Janet Yowell Courtesy of Regents of the University of Colorado.