အရင်းအမြစ်များ

အမှိုက် မှ သဘာဝဓာတ်ငွေ့သို့ – ဇီဝလောင်စာစွမ်းအင်

ပိုမိုကောင်းမွန်သော
From Trash to Gas: Biomass Energy Photo: © iStock 496861898_Pixavril
1 Star2 Stars3 Stars4 Stars5 Stars (5 )
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဓာတုဗေဒ အင်ဂျင်နီယာ
ခေါင်းစဉ်များ
ရာသီဥတုပြောင်းလဲမှု စွမ်းအင် ရေရှည်တည်တံ့မှု
လှုပ်ရှားမှုများအတွက်အချိန်
၂-၃ ပတ် (ရက်သတ္တပတ်)

ဤစီမံကိန်းတွင် ကျောင်းသားများသည် ဇီဝဓာတ်ငွေ့ ထုတ်လုပ်ရာတွင် မည်သည့်ဇီဝလောင်စာသည် မည်မျှကောင်းသည်ကိုလေ့လာလိမ့်မည်။ သူတို့စုံစမ်းစစ်ဆေးမည့်ဇီဝလောင်စာအမျိုးအစားများမှာ နွားမအညစ်အကြေးများ၊ ငှက်ပျောသီးချေထားသော သို့မဟုတ် ဟင်းသီးဟင်းရွက်အခွံများမှ ရသော နွားချေး တို့ဖြစ်သည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

နွေရာသီတွင်လှပသောကျေးလက်ဒေသကိုဖြတ်မောင်းပြီး ပြတင်းပေါက်များဖွင့်ထား၍ သင်၏ ဆံပင်များ လေထဲသို့ပျံဝဲသွားခြင်းသည်ပျော်စရာကောင်းနိုင်သည်။အကယ်၍ သင်သည် နွားမွေးမြူရေးခြံမှ တစ်ဆင့်ကားမောင်းသွားပါက သင်၏ပြတင်းပေါက်များကို ပြန်ပိတ်ရန် လိုကောင်းလိုလိမ့်မည်။ နွားများနှင့်အခြားမွေးမြူရေးခြံများမှမြေသြဇာ၏အနံ့ပြင်းပြီ မနှစ်မြို့ဖွယ် ဖြစ်သော်လည်းထိုစွန့်ပစ်ပစ္စည်းသည်လယ်ယာလုပ်ငန်းကိုအသုံးပြုရန်အတွက်ကြွယ်ဝသော စွမ်းအင်အရင်းအမြစ် ဖြစ်သည်။

နွားချေးသည်စွန့်ပစ်ပစ္စည်းသာမက စွမ်းအင်အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။ သင်ထင်ကောင်း ထင်မှာက “ အမှိုက်သရိုက်” ဖြစ်သည် အမှန်တကယ်အားဖြင့် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား နိုင်သည်။ ဇီဝလောင်စာ၏ဥပမာများဖြစ်သည့် အပင်များသေခြင်း၊ အစားအစာပုပ်ပျက်ခြင်း၊ သစ်တုံးပဲ့များ၊ လွှစာမှုန့်များ၊ ကောက်ပဲသီးနှံအကျန်အကြွင်းများ၊ အခွံမာအခွံများ နှင့် စက္ကူထုတ်ကုန် များသည် စွမ်းအင်ပြုလုပ်နိုင်သည့် သဘာဝပစ္စည်းများ သို့မဟုတ် သဘာဝအကြောင်းအရင်းများ ဖြစ်ကြသည်။

ဇီဝလောင်စာမှ စွမ်းအင်ထုတ်ရန်ခက်ခဲပါသလား။ မခက်ပါဘူး၊ တကယ်တော့ လူတွေဟာ နှစ်ထောင် ချီပြီး လုပ်နေကြတာ။ သင်သည် မီးပုံသို့မဟုတ် မီးဖိုဘေး တစ်ဝိုက်တွင် ထိုင်ဖူးပါက ဇီဝလောင်စာ လောင်ကျွမ်းကြောင့်ပူနွေးလာခြင်းကို သိနိုင်သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဇီဝလောင်စာကို ကြီးမားသော အတိုင်းအတာဖြင့် မီးရှို့နိုင်သည်။ ဇီဝလောင်စာ (ဥပမာ – အပင်များ ဆွေးခြင်း၊ လယ်ယာ မြေစွန့်ပစ်ပစ္စည်း၊ သစ်သားစွန့်ပစ်ပစ္စည်း သို့မဟုတ်စက်မှုစွန့်ပစ်ပစ္စည်းများ) ကို ကုန်တင်ကားကြီးများ ဖြင့် ရေဆူအောင်ပြုလုပ်နိုင်သော၊ ရေနွေးငွေ့ထုတ်လုပ်နိုင်သော၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်သည့် ရေနွေးငွေ့ စက်များကို မောင်းနှင်နိုင်သော မီးပြင်းဖို သို့ယူဆောင်လာသည်။ ဇီဝလောင်စာစွမ်းအင်ကို သဘာဝအားဖြင့် အစားထိုးနိုင်သည့် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်အဖြစ် ယူဆနိုင်သည်။ ဇီဝလောင်စာ စွမ်းအင်သည် အခြားသော ပြန်လည်အသုံးပြုနိုင်သောစွမ်းအင် အရင်းအမြစ်များ ဖြစ်သော ရေအားလျှပ်စစ်၊ နေရောင်ခြည်၊ဘူမိအပူဓာတ် နှင့် လေစွမ်းအင်ကဲ့သို့ပင် အမေရိကန် ပြည်ထောင်စု၏ စုစုပေါင်း စွမ်းအင်လိုအပ်ချက်၏ ၇ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပြီး ထိုရာခိုင်နှုန်းသည် မြင့်တက်လာမည် ဟုလည်းမျှော်လင့်ရသည်။

လောင်ကျွမ်းခြင်းအပြင် သင်သည် ဇီဝလောင်စာမှစွမ်းအင်ကို အခြားသော မည်သည့်နည်းများ ဖြင့် ရရှိနိုင်သနည်း။ အရည် သို့မဟုတ် ဓာတ်ငွေ့သို့ ပြောင်းနိုင်ပါသည်။ ၎င်းကိုအရည်အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းကို ကစော်ဖောက်ခြင်းဟုခေါ်သောလုပ်ငန်းစဉ်တွင်ပါဝင်သည်။၎င်း ကစော်ဖောက် ခြင်းသည် ပြောင်းဖူးသို့မဟုတ် ကြံကဲ့သို့ ဇီဝလောင်စာတစ်ချို့ကို ချက်ပြုတ်လောင်စာဆီနှင့် ကားလောင်စာဆီဖြစ်သည့် အီသနောဟုခေါ်သောအရက်အခြေခံလောင်စာသို့ ပြောင်းလဲနိုင်သည်။ ဓာတ်ငွေ့အဖြစ်သို့ပြောင်းလဲရာတွင် အခြေခံအားဖြင့် နွားများသည် သဘာဝအတိုင်း သူတို့၏ အစာခြေ စနစ်အသုံးပြုပြီး ဇီဝလောင်စာကို သဘာဝဓာတ်ငွေ့၏ အဓိက အစိတ်အပိုင်းဖြစ်သော မီသိန်းဓာတ်ငွေ့ အဖြစ် ပြောင်းလဲနိုင်သည်။သဘာဝဓာတ်ငွေ့သည် အိမ်များကိုအပူပေးခြင်းဖြစ်သည့် မီးဖို၊ အခြောက်ခံ စက်၊ လျှပ်စစ်နှင့် ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ အထူးကားများနှင့်ကုန်တင်ကားပြေးဆွဲရာတွင် အရေးပါသော လောင်စာဖြစ်သည်။ ဇီဝလောင်စာမှ ထုတ်လုပ်သောအခါ သဘာဝဓာတ်ငွေ့ကို ဇီဝဓာတ်ငွေ့ ဟု ခေါ်သည်။ အပြေးလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်းနှင့် စက်ဘီးစီးခြင်း ကဲ့သို့သော အေရိုးဗစ်အားကစားများတွင် ကာယလေ့ကျင့်ခန်းကို ကြာရှည်စွာ ဆက်လက်လုပ်ဆောင်ရန် အောက်ဆီဂျင်သည် လိုအပ်သည့်စွမ်းအင်ကို ထုတ်ပေးသည်။ ဇီဝဓာတ်ငွေ့ကို ဖန်တီးရန်အတွက် စွမ်းအင်ထုတ်လုပ်ရန် ပတ်ဝန်းကျင် ဆန့်ကျင်ဘက် အမျိုးအစား တစ်ခုလိုအပ်သည်။ ဇီဝဓာတ်ငွေ့သည် အောက်ဆီဂျင်မပါသော ပတ်ဝန်းကျင်တွင် နေထိုင်သော အထူးအောက်ဆီဂျင်မဲ့သော ဘက်တီးရီးယားပိုးမွှားများ ဖြင့်ပြုလုပ်သည်။ အောက်ဆီဂျင်မဲ့ ဘက်တီးရီးယားများသည် ဇီဝလောင်စာကို မီသိန်းအဖြစ်သို့ အောက်ဆီဂျင်မဲ့ အစာချေခြင်း ဟုခေါ်သော ဖြစ်စဥ်အတိုင်း ဖြိုခွဲပေးသည်။ ဇီဝဓာတ်ငွေ့ကို သန့်ရှင်းရေးလုပ်သားများ စွန့်ပစ်အမှိုက်ပုံ များမှ သော်လည်းကောင်း၊ အောက်ဆီဂျင်မဲ့ဘတ်တီးရီးယာနှင့်အတူ ဇီဝဒြပ်နှောမှ လယ်သမားများ သို့မဟုတ် အင်ဂျင်နီယာများသည် ဇီဝဓာတ်ငွေ့မှ ထုတ်နိုင်သည်။

ဤစွမ်းအင်စီမံကိန်းတွင်ဇီဝဓာတ်ငွေ့ထုတ်လုပ်ရာတွင်မည်သည့်ဇီဝလောင်စာသည်မည်မျှကောင်းသည်ကိုလေ့လာပါလိမ့်မည်။ သင်စုံစမ်းစစ်ဆေးမည့်ဇီဝလောင်စာအမျိုးအစားများမှာ နွားချေးနှင့် ဟင်းသီးဟင်းရွက်အခွံများ သို့မဟုတ် ကြိတ်နှယ်ထားသာငှက်ပျောသီး ဖြင့်လည်းကောင်း စစ်ဆေးရမည်။ သင်သည်ဇီဝဒြပ်တစ်ခုစီ၏ဇီဝဓာတ်ငွေ့ပမာဏမည်မျှထုတ်လွှတ်သည်ကိုဇီဝလောင်စာအမျိုးမျိုးဖြင့်ဖြည့်ထားသောဆိုဒါပုလင်းများကိုဖြည့်တင်းခြင်း၊ ပုလင်းတစ်လုံးစီကိုပူဖောင်းဖြင့်တံဆိပ်ခတ်ခြင်း၊ ပူဖောင်း၏ဖောင်းပွမှု(မီသိန်းဖြင့်လေမှုတ်သွင်းခြင်း)ကိုတိုင်းတာခြင်းကို ရက်ပေါင်းများစွာ ကြာသောအခါ နားလည်သဘောပေါက်လာလိမ့်မည်ဖြစ်သည်။ မည်သည့်ဇီဝလောင်စာသည် ဇီဝဓာတ်ငွေ့အများဆုံး ထုတ်လုပ်သနည်း။

အဓိက ရည်ရွယ်ချက်များ
  1. ဇီဝလောင်စာအမျိုးမျိုးမှထုတ်လုပ်သောဇီဝဓာတ်ငွေ့ပမာဏကိုနှိုင်းယှဉ်နိုင်ရန်။
လမ်းညွှန်မှုမေးခွန်းများ
  1. စွမ်းအင်ကို ဇီဝလောင်စာမှ မည်သို့ရရှိနိုင်သနည်း။
  2. ဟင်းသီးဟင်းရွက်အခွံ နှင့် ငှက်ပျောသီးထောင်းနယ်ထားခြင်းသည် မည်သို့ကွာခြားသလဲ? ဤကွဲပြားခြားနားမှုများသည်၎င်းအစားအစာများကိုဇီဝဓာတ်ငွေ့ထုတ်လုပ်ရာတွင်မည်သို့အသုံးပြုနိုင်မည်နည်း။
  3. ဇီဝလောင်စာစွမ်းအင်သည်ကမ္ဘာကြီးပူနွေးလာမှုအပေါ်အကျိုးသက်ရောက်ပါသလား။
  4. ဇီဝလောင်စာစွမ်းအင်သည် ကာဗွန် – ကြားနေ (carbon-neutral)စွမ်းအင်ရင်းမြစ်တစ်ခုလား။
  5. ဇီဝဓာတ်ငွေ့ဖြစ်စေသောဘက်တီးရီးယားနှင့် ပတ်သက်၍ ထူးခြားချက်ကဘာလဲ။

စာရေးသူများ

Kristin Strong Science Buddies Staff. "From Trash to Gas: Biomass Energy." Science Buddies, 24 Mar. 2018