Sustainable Development Goals
Sustainable Development Goal - 17 - Partnerships for the Goals

ရေရှည်ခိုင်မြဲသော တိုးတက်မှူအတွက် ကမ္ဘာလုံးဆိုင်ရာ တွဲဖက်လုပ်ဆောင်ခြင်းအား အကောင်အထည်ဖော်ခြင်း နှင့် အားကောင်းစေခြင်းတို့အား ခိုင်မာမှူ ရှိစေခြင်း

ရေရှည်ခိုင်မြဲသော တိုးတက်ခြင်း ရည်မှန်းချက်များမှာ လုပ်ဆောင်ရန် ကြီးမားသည် – သင်ရော မထင်ဖူးလား။ အရမ်းကို ကြီးမားသောကြောင့် သင့်လက်ကို လေပေါ်မြောက်ပစ်လိုက်ချင်တယ် မဟုတ်လား။ “မေ့လိုက်ပါတော့။ လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့ကြိုးစားနေဦးမှာလဲ။” သို့သော်လည်း ကျွန်ုပ်တို့တွင် ကိစ္စရပ်များစွာ ဖြစ်ပျက်နေသည်။ ကမ္ဘာကြီးသည် အင်တာနက် ကျေးဇူးကြောင့် ခရီးသွားခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း များနှင့် အရင်ကထက် ယခု ပို၍ ဆက်နွယ်မှူ ရှိလာသည်။ ရာသီဥတု ပြောင်းလဲခြင်းကို ရပ်တန့်၇န် အတူတကွ လုပ်ဆောင်ခြင်း လိုအပ်ချက်ကို အများသဘောတူခြင်းမှာ များပြားလာပါသည်။ ရေရှည်ခိုင်မြဲသော တိုးတက်ခြင်း ရည်မှန်းချက်များသည်လည်း ကိစ္စရပ် အသေးတစ်ခု မဟုတ်ပါ။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ထိုရည်မှန်းချက်များကို သဘောတူခြင်း ဖြစ်သည်။ အရမ်းကို အံ့သြစရာကောင်းတယ် မဟုတ်လား။ ၁၉၃ နိုင်ငံက တစ်ခုခုအပေါ် သဘောတူညီတယ် ဆိုတာကလေ။ နောက်ဆုံး ရည်မှန်းချက်မှာ အခြားသော ရည်မှန်းချက်အားလုံးကို အောင်မြင်ရန် နိုင်ငံတိုင်းမှာ အတူတကွ လုပ်ဆောင်ရန် နည်းလမ်းကို တင်ပြခြင်း ဖြစ်သည်။