အရင်းအမြစ်များ

ထုပ်ပိုးပစ္စည်းထဲတွင် ဘာရှိပါသနည်း။

အလယ်အလတ်
What’s in the Wrap? Photo: © iStock-1082028590
1 Star2 Stars3 Stars4 Stars5 Stars
Loading...
အရင်းအမြစ်
လက်တွေ့စမ်းသပ်မှု
ဘာသာရပ်များ
ဘူမိသိပ္ပံဘာသာရပ်
ခေါင်းစဉ်များ
ဂေဟစနစ်များ Health ရေရှည်တည်တံ့မှု
လှုပ်ရှားမှုများအတွက်အချိန်
ရွေးချယ်ထားသော လုပ်ဆောင်မှုပေါ် မူတည်ပြီး ၃၀ မိနစ် မှ ၂ ရက် အထိ

အစားအစာ ထုပ်ပိုးခြင်းသည် ပုံစံအမျိုးမျိုးနှင့် အရွယ်အစား အမျိုးမျိုးဖြင့် လာပါသည်။ စားသောက်ကုန်များ အတွက် အချို့ပစ္စည်းများကို အသုံးပြုသော အကြောင်းရင်းများစွာ ရှိပြီး ညစ်ညမ်းခြင်း နှင့် ပျက်စီးခြင်းမှ ကာကွယ်ရန် နှင့် ဘေးကင်းစွာ သယ်ယူပို့ဆောင်နိုင်ရန်၊ သိုလှောင်ရန် နှင့် စားသုံးရန် တို့ပါဝင်သည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

ဤလှုပ်ရှားမှုသည် အသက်အရွယ် အမျိုးမျိုး ရှိသော ကလေးများကို အစားအစာ ထုပ်ပိုးရာတွင် အသုံးပြုသည့် ပစ္စည်းများအား လေ့လာခွင့် ရှိစေပါသည်။ ထုပ်ပိုး ပစ္စည်းများအား ၎င်းတို့ သိရှိထားသော လက္ခဏာများ (ဖွဲ့စည်းတည်ဆောက်ပုံ၊ ရေစိုခံနိုင်မှု၊ ပစ္စည်းအမျိုးအစား စသဖြင့်) အရ မျိုးတူစုခြင်း (သို့) အုပ်စုဖွဲ့စေခြင်း နှင့် ၎င်းတို့ ရွေးချယ်ထားသည့် အုပ်စုများအတွက် အကြောင်းပြချက်များကို ဖော်ပြစေပါ။ ထိုမှ အစားအစာ ထုပ်ပိုးခြင်းကို ပိုမိုနီးကပ်စွာ ကြည့်ရှုစေရန် ကျောင်းသားများ တိုက်တွန်းအားပေးပြီး ၎င်းတို့ကို ပြုလုပ်ထားသော ပစ္စည်း နှင့် ထိုထုပ်ပိုးမှုထဲတွင် မည်သည့် အစားအစာ ရှိသည် တို့အပေါ် အခြေခံ၍ မျိုးတူစုစေပါ။ ထို့နောက် အလားတူ စားသောက်ကုန်များကို သီးသန့်နည်းဖြင့် ထုပ်ပိုးထားနိုင်သည်ကို သူတို့ သတိပြုမိလိမ့်မည် (ဥပမာ – နို့ ချောကလက် အရည်များနှင့် သစ်သီးဖျော်ရည်များမှာ လေးထောင့်စက္ကူဘူး ဖြစ်ပြီး၊ ကော်ဖီနှင့် စီရီရယ် ကဲ့သို့ ကုန်ခြောက် အစားအစာများကို အထုပ်ငယ်များ (သို့) အလူမီနီယမ်ထုပ်များ (သို့) ပလတ်စတစ်များတွင် ပမာဏ အနည်းငယ်ဖြင့် သော်လည်းကောင်း၊ အမွှေးအကြိုင်များကို ပလတ်စတစ် (သို့) ဖန်ပုလင်းများဖြင့် သော်လည်းကောင်း၊ အကြော်များကို ကတ်ထူပြားဘူးများ (သို့) တံဆိပ်ပါသော အလူမီနီယံ ထုပ်ပိုးအရွက်များဖြင့် သော်လည်းကောင်း၊ စသဖြင့်)။ ထို့နောက် ၎င်းတို့သည် ထုတ်ကုန်တစ်ခု နို့ (သို့) အသီးဖျော်ရည် လေးထောင့်စက္ကူဘူး (၎င်းထဲတွင် ပါဝင်သော အရာများကို သောက်ခြင်း) ကို ဖွင့်နိုင်ပြီး အတွင်းပိုင်း ပစ္စည်းနှင့် ပြင်ပ ပစ္စည်း မတူသည်ကို စစ်ဆေးနိုင်ပါသည်။ ပါဝင်ပစ္စည်းများပေါ် မူတည်၍ အစားအစာ ထုပ်ပိုးခြင်းတွင် မတူညီသော အလွှာများဖြင့် ဖွဲ့စည်းနိုင်သည်ဟု သူတို့ သုံးသပ်နိုင်သည်။ ၎င်းတို့သည်

အမျိုးအစား ၁ မျိုး (သို့) အမျိုးအစား ၂ မျိုးဖြင့် (အဖျော် ယမကာ၊ မေရိုနီစ် (သို့) အမွှေးအကြိုင်များသည် သံအဖုံး ဖန်ပုလင်းများဖြင့် လာနိုင်သည်) ပြုလုပ်ထားသည့် အစားအစာ ထုပ်ပိုးပစ္စည်း အချို့ကို စူးစမ်းနိုင်သည်။ ။

ထို့နောက် ပစ္စည်းများ၏ မတူညီသော ဂုဏ်သိတ္တိများကို စမ်းသပ်ပြီး ၎င်းတို့၏ အရောင်၊ အလေးချိန်၊ အနေအထား၊ တာရှည်ခံခြင်း (ခံနိုင်အား)၊ အလွယ်တကူ ပုံသွင်းနိုင်ခြင်း၊ ရေစိုခံနိုင်မှု၊ အခြားတို့ကို စူးစမ်းရှာဖွေရန် ကျောင်းသားများကို တိုက်တွန်းထားပါသည်။
စားသောက်ကုန်များကို ထုပ်ပိုးရာတွင် ထိုပစ္စည်းများကို အသုံးပြုသော ရည်ရွယ်ချက်မှာ ပါဝင်သော ပစ္စည်းများကို ညစ်ညမ်းခြင်းနှင့် ပျက်စီးခြင်းမှ ကာကွယ်ရန် နှင့် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရာတွင် အဆင်ပြေစေရန် နှင့် စားသုံးရာတွင် ဘေးကင်းစေရန် ဖြစ်သည်ဟု သူတို့ ကောက်ချက်ချနိုင်သည်။

အဓိက ရည်ရွယ်ချက်များ
  1. အစားအစာ ထုပ်ပိုး ပစ္စည်းများကို စစ်ဆေးပြီး ခွဲခြားပြပါ။
  2. အစားအစာ ထုပ်ပိုးပစ္စည်းများကို မည်သည့် အမျိုးအစားများဖြင့် ပြုလုပ်ထားသည်ကို ဖော်ပြပါ။
  3. ထုပ်ပိုးပစ္စည်းများ၏ အချို့သော ဂုဏ်သတ္တိများကို လေ့လာဖော်ထုတ်ပါ။
  4. အချို့ အစားအစာ အမျိုးအစားများ အတွက် အချို့ ထုပ်ပိုးပစ္စည်းများကို အဘယ်ကြောင့် အသုံးပြုသည်ကို ကောက်ချက်ချပါ။
  5. ပတ်ဝန်းကျင်တွင် အစိုင်အခဲ စွန့်ပစ်ပစ္စည်းများ ကဲ့သို့ ပစ္စည်းများ ရှိခြင်း၏ သက်ရောက်မှုများကို ကောက်ချက်ချပါ။
  6. ထုပ်ပိုးထားသော စားသောက်ကုန်များကို ဝယ်ယူရာတွင် တာ၀န်ယူမှုရှိသော ရွေးချယ်မှုကို မည်သို့ ပြုလုပ်ရမည်ကို ဆွေးနွေးပါ။
  7. အစားအစာ ထုပ်ပိုးသည့် ပစ္စည်းများ (မူလပုံစံဖြင့် ပြန်လည်ပြုပြင် အသုံးပြုခြင်း / ပြန်လည် အသုံးပြုခြင်း ဖြစ်ဖြစ် (သို့) အသစ် ရည်ရွယ်ထားသော ပုံစံနှင့် ကိုက်ညီအောင် ပြန်လည်−ထုတ်လုပ်ခြင်း ဖြစ်ဖြစ်) တွင် အသုံးပြုနိုင်သော ဆန်းသစ်သော ထုတ်ကုန်ဒီဇိုင်း (သို့) ထုပ်ပိုးပစ္စည်းကို တင်ပြပါ။
လမ်းညွှန်မှုမေးခွန်းများ
  1. အစားအစာ ထုပ်ပိုးရာတွင် မည်သည့် ပစ္စည်းအမျိုးအစားများကို အသုံးပြုသနည်း။
  2. စားသောက်ကုန် တစ်ခု၏ ထုပ်ပိုးမှုတွင် ပစ္စည်းအမျိုးအစား မည်မျှကို သင်မြင်ရပါသနည်း။ ပစ္စည်း အမျိုးအစား များစွာရှိသော ထုတ်ကုန်များကို ရှာဖွေပါ။
  3. ထုပ်ပိုးရာတွင် အသုံးပြုသော ဤပစ္စည်းများ၏ ဝိသေသလက္ခဏာများ အဘယ်နည်း။
  4. စားသောက်ကုန် ထုတ်လုပ်သူများသည် ထိုနည်းအတိုင်း ထုပ်ပိုးရန် အဘယ့်ကြောင့် ရွေးချယ်သည်ဟု သင်ထင်ပါသနည်း။ ထိုကဲ့သို့သော ပစ္စည်းများ အသုံးပြုခြင်း၏ အားသာချက်များကား အဘယ်နည်း။
  5. ထိုကဲ့သို့သော ပစ္စည်းများ အသုံးပြုခြင်း၏ အားနည်းချက်များမှာ အဘယ်နည်း။

စာရေးသူများ

Ruby R. Cristobal, Ph.D. (Philippines) အရင်းအမြစ်များ Most Essential Learning Competencies (Science), Department of Education. 2020.