အရှေ့တောင်အာရှရှိ ဆရာ/မ များအတွက် အသုံးဝင်သော အရင်းအမြစ်အဖြစ် ခေါင်းစဉ်များ နှင့် ဘာသာရပ် မျိုးစုံကို ချိတ်ဆက်နိုင်သော ပညာရပ်နယ်တစ်ခုမကဆိုင်သော STEM လေ့ကျင့်ခန်းများ၏ အကောင်းဆုံး အလေ့အကျင့် ဥပမာများကို အွန်လိုင်း SEADSTEM အစီအစဉ်မှ တင်ပြထားပါသည်။

အရင်းအမြစ်များ

အွန်လိုင်း SEADSTEM အစီအစဉ်သည် အရှေ့တောင်အာရှရှိ ဆရာ/မ များအတွက် သူတို့၏ စာသင်ခန်းတွင် STEM သင်ကြားခြင်း နည်းလမ်းများကို ပေါင်းစပ်ခြင်း စိတ်ဝင်စားသူများ (သို့) သင်ရိုးပြင်ပ လေ့ကျင့်ခန်းအဖြစ် ပြုလုပ်လိုသော သူများအတွက် အရင်းအမြစ် ဖြစ်စေရန် ရည်ရွယ်ပါသည်။ ခေါင်းစဉ်များ နှင့် ဘာသာရပ် မျိုးစုံကို ချိတ်ဆက်နိုင်သော ပညာရပ်နယ်တစ်ခုမကဆိုင်သော STEM လေ့ကျင့်ခန်းများ၏ အကောင်းဆုံး အလေ့အကျင့် ဥပမာများ နှင့် ဆရာ/မ များ၏ ကိုယ်ပိုင် သင်ကြားခြင်း ပုံစံ အသစ် လုပ်ဆောင်ခြင်းတွင် ပံံ့ပိုးပေးရန် ဝက်ဘ်ဆိုက်မှ တင်ပြထားပါသည်။

သင်ရိုးများကို ဒေသရှိ ဆရာ/မ များမှ အဆိုပြုပြီး၊ ရရှိထားပြီး၊ အထူးသဖြင့် ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ်တို့ရှိ ဆရာ/မ များအတွက် အရည်အသွေးမြင့် အဆင့်ရှိပြီး ဆက်စပ်မှူရှိသည်ကို သေချာစေရန် STEM ပညာရေး အတွက် SEAMEO ဒေသဆိုင်ရာ စင်တာ၏ လမ်းညွှန်မှူအောက်တွင် ရှိသော နိုင်ငံစုံ STEM ပညာရှင်များမှ အကဲဖြတ်ပေးပါသည်။

သင်ကြိုက်နှစ်သက်သော အရင်းအမြစ်များကို စီမံနိုင်ခြင်း၊ သင်လိုက်ကြည့်ထားသော SDG ခေါင်းစဉ်များထဲသို့ အရင်းအမြစ်အသစ် ထည့်လျှင် အကြောင်းကြားရန် ဆိုင်းအပ် (sign up) လုပ်နိုင်ခြင်း၊ နှင့် အနာဂတ် အရင်းအမြစ်များအတွက် အကြံပြုချက်များကို တင်ပြခြင်း၊ SEADSTEM ရှေ့လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခြင်း စသော လော့ဂ်အင် (login) ရွေးချယ်စရာများ ရှိပါသည်။

seadstem-howto-graphic