အရင်းအမြစ်များ

ရာသီဥတု ပြောင်းလဲခြင်း − သမုဒ္ဒရာ အက်စစ်သဘာဝ ရှိလာခြင်း

လက်သင်
Oceans acidification Photo: © iStock-1139960135_Ninell_Art
1 Star2 Stars3 Stars4 Stars5 Stars (2 )
Loading...
Resource Type
စီမံကိန်း
Subjects
ဘူမိသိပ္ပံဘာသာရပ်
Topics
ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ရေရှည်တည်တံ့မှု
Time for activity
မိနစ် ၃၀

စက်မှုတော်လှန်ရေး နောက်ပိုင်းတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ကဲ့သို့ လူသားတို့၏ လုပ်ဆောင်မှုသည် ရာသီဥတုကို အကျိုးသက်ရောက်စေသည်။ ဥပမာ

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

စက်မှုတော်လှန်ရေး နောက်ပိုင်းတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ကဲ့သို့ လူသားတို့၏ လုပ်ဆောင်မှုသည် ရာသီဥတုကို အကျိုးသက်ရောက်စေသည်။ ဥပမာ − ဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ်ခြင်းသည် ကမ္ဘာ့အပူချိန်ကို မြင့်တက်စေသည်။ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများမှ လောင်ကျွမ်းခြင်းသည် ဖန်လုံအိမ်အာနိသင်ကို တိုးစေရုံ သာမက ကျွန်ုပ်တို့၏ သမုဒ္ဒရာများကို အက်စစ်သဘာဝ ရှိလာစေပါသည်။ လေထဲသို့ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် သမုဒ္ဒရာများနှင့် ရေကန်များတွင် ပျော်ဝင်ပြီး ၎င်းသည် အက်ဆစ်သဘာဝ အဖြစ် ဖွဲ့စည်းလာသည်။ ဆာလ်ဖာဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်အောက်ဆိုဒ် စသော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများမှ ထုတ်လွှတ်သော အခြားဒြပ်ပေါင်းများသည်လည်း ဤအက်စစ်ဓာတ်ပြုမှုတွင် အနည်းငယ် ပါဝင်ပါသည်။ အက်စစ်သည် သမုဒ္ဒရာများ၏ pH ကို ပြောင်းလဲပြီး သမုဒ္ဒရာ ဂေဟစနစ်၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ ဤလုပ်ဆောင်မှုတွင် အက်ဆစ်ရေသည် ဥခွဲများနှင့် သမုဒ္ဒရာ သက်ရှိများကို ကိုယ်စားပြုသော ထုံးကျောက်များကို မည်သို့ ထိခိုက်စေသည်ကို သင်လေ့လာရပါမည်။

အဓိက ရည်ရွယ်ချက်များ
  1. ရေ၏ pH နှင့် ရေ−အက်စစ် ပေါင်းစပ်မှုကို စစ်ဆေးခြင်း
  2. ဂေဟစနစ်အပေါ် အက်ဆစ်၏ သက်ရောက်မှုများကို လေ့လာခြင်း
  3. သိပ္ပံနည်းကျ ဖြစ်စဥ်ကို နားလည်ရန်၊ ဥပမာ − လေ့လာခြင်း နှင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  4. ရေအရည်အသွေး နှင့် ဇီဝဖြစ်သော (အပင်များ နှင့် တိရစ္ဆာန်များ) နှင့် အဇီဝမူလ (ကျောက်တုံးများ) ၂ခုလုံး ဖြစ်သော သမုဒ္ဒရာ ဂေဟစနစ် အပေါ် ရာသီဥတု ပြောင်းလဲခြင်း၏ သက်ရောက်မှုများကို နားလည်ခြင်း
လမ်းညွှန်မှုမေးခွန်းများ
  • အက်စစ်မိုး မည်သို့ ဖွဲ့စည်းပါသနည်း။
  • အပြင်ထန်ဆုံး အက်ဆစ်ထဲတွင် ထုံးကျောက်နှင့် အခွံများ ဘာဖြစ်သွားသနည်း။
  • ရေထဲတွင် ထုံးကျောက်နှင့် အခွံများ ဘာဖြစ်သွားသနည်း။ ထိန်းချုပ်မှုစနစ် ဆိုသည်မှာ အဘယ်နည်း။
  • အဆုံးတွင် အက်ဆစ်ပျော်ရည်၏ pH မှာ မည်သို့နည်း။

Authors

Kombada Mhopjeni