အရင်းအမြစ်များ

မီးခိုးမြူပုံစံဖန်တီးခြင်း

ပိုမိုကောင်းမွန်သော
power-station-374097_1920 Photo: © Image by stevepb from Pixabay
1 Star2 Stars3 Stars4 Stars5 Stars
Loading...
Resource Type
လက်တွေ့စမ်းသပ်မှု
Subjects
ဘူမိသိပ္ပံဘာသာရပ်
Topics
ရာသီဥတုပြောင်းလဲမှု အင်ဂျင်နီယာလုပ်ငန်းစဉ် သိပ္ပံနည်းကျစူးစမ်းခြင်း
Time for activity
၄၅ မိနစ်

အိုဇုန်းမော်လီကျူး (O3) တွေမှာ အောက်စီဂျင်အက်တမ်သုံးလုံး ပါရှိပါတယ်။ ကမ္ဘာ့လေထုအထက်ပိုင်းအတွက်၊ အန္တရာယ်ရှိတဲ့ဓာတ်ရောင်ခြည်ကနေ ကမ္ဘာမြေကိုကာကွယ်ပေးဖို့အတွက် ၎င်းမော်လီကျူးတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မြေပြင်နဲ့နီးနီးကပ်ကပ်ရှိနေချိန်မှာ ၎င်းတို့ဟာ မီးခိုးမြူရဲ့ အဓိကပါဝင်ပစ္စည်းတွေထဲကတစ်ခု ဖြစ်သွားပါတယ်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

အိုဇုန်းမော်လီကျူး (O3) တွေမှာ အောက်စီဂျင်အက်တမ်သုံးလုံး ပါရှိပါတယ်။ ကမ္ဘာ့လေထုအထက်ပိုင်းအတွက်၊ အန္တရာယ်ရှိတဲ့ဓာတ်ရောင်ခြည်ကနေ ကမ္ဘာမြေကိုကာကွယ်ပေးဖို့အတွက် ၎င်းမော်လီကျူးတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ မြေပြင်နဲ့နီးနီးကပ်ကပ်ရှိနေချိန်မှာ ၎င်းတို့ဟာ မီးခိုးမြူရဲ့ အဓိကပါဝင်ပစ္စည်းတွေထဲကတစ်ခု ဖြစ်သွားပါတယ်။ မြေပြင်အဆင့်မှာရှိတဲ့ လေထုညစ်ညမ်းပစ္စည်းတစ်ခုအနေနဲ့ အိုဇုန်းဟာ မော်တော်ယာဥ်တွေကထွက်တဲ့ဓာတ်ငွေ့တွေ၊ စက်ရုံတွေနှင့် တခြားရင်းမြစ်တွေကထုတ်လွှတ်တဲ့ တခြားညစ်ညမ်းပစ္စည်းတွေကနေ ဖြစ်ပေါ်လာတာပါ။ နေရောင်ရှိတဲ့နေရာမှာ တခြားညစ်ညမ်းပစ္စည်းတွေပြိုကွဲပြီး အောက်စီဂျင်မော်လီးကျူးတွေမှာ ပေါင်းစပ်ပါဝင်နေတဲ့ အောက်စီဂျင်အက်တမ်တွေကနေ အိုဇုန်းဖြစ်လာတာပါ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေထဲကတစ်ခုက နေရောင်ထဲမှာ လေထုညစ်ညမ်းစေတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ပြိုကွဲသွားပြီး နိုက်ထရစ်အောက်ဆိုဒ် (NO) နှင့် အောက်စီဂျင် (O) အဖြစ်ပြောင်းသွားတာကြောင့်ပါ။ အောက်စီဂျင်အက်တမ်တစ်လုံးက အောက်စီဂျင်မော်လီကျူး (O2) တွေနဲ့ပေါင်းစပ်ပြီး အိုဇုန်း (O3) ဖြစ်လာစေပါတယ်။ ကျောင်းသား/သူတွေက ဒီဖြစ်စဥ်တစ်ခုလုံးကို ယခုလေ့ကျင့်ခန်းမှာ နမူနာငယ်ဖန်တီးရမှာဖြစ်ပါတယ်။

ကျပ်ခိုးမည်းဆိုတာ ဒြပ်အမှုန်အမွှားတစ်မျိုးဖြစ်ပါတယ်။ လောင်စာနှင့်သစ်သားတွေ လောင်ကျွမ်းခြင်းအပါအဝင် အရင်းအမြစ်အများအပြားကနေ ၎င်းဒြပ်မှုန်တွေထွက်လာတတ်ပါတယ်။ ကျပ်ခိုးမည်းက မီးခိုးမြူရဲ့ နောက်ထပ်ပါဝင်ပစ္စည်းပါ။ ဒီလေ့ကျင့်ခန်းမှာ ကျောင်းသား/သူတွေက သူတို့ရဲ့ပုံစံငယ်တွေမှာ ကျပ်ခိုးမည်းကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ မီးခိုးမြူထဲမှာ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အငွေ့ပြန်လွယ်တဲ့အော်ဂဲနစ်ဒြပ်ပေါင်းများ (VOCs – Volatile Organic Compounds) နှင့် PAN (ပါအောက်စီအဆီသိုင်း နိုက်ထရိတ် – peroxyacetyl nitrate) တို့လည်းပါဝင်ပါတယ်။ အများအားဖြင့် ကားအင်ဂျင်တွေကနေ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေ

ထုတ်လွှတ်လေ့ရှိပါတယ်။ VOCs ကိုတော့ အိမ်သုတ်ဆေး၊ လောင်စာဆီနှင့် ပိုးသတ်ဆေးအမျိုးမျိုးမှာ တွေ့ရပါတယ်။ PAN ကတော့ အခြားညစ်ညမ်းပစ္စည်းတွေ ဓာတုဓာတ်ပြုပြီးထွက်လာတဲ့ ညစ်ညမ်းပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

လေထုညစ်ညမ်းတဲ့အခါ လူတွေအသက်ရှူလိုက်တဲ့အထဲ အိုဇုန်း၊ ကျပ်ခိုးမည်းလို ဒြပ်မှုန်တွေနှင့် အန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေပါသွားပြီး အဆုတ်၊ နှလုံးနှင့် တခြားကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ လေထုညစ်ညမ်းခြင်းက ချောင်းဆိုးခြင်း၊ မျက်စိပူစပ်ခြင်းနှင့် အသက်ရှူဆိုင်ရာပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ကံကောင်းတာက လေထုအရည်အသွေး တိုးတက်ကောင်းမွန်လာရင် ပိုနေထိုင်ကောင်းလာမှာပါ၊ ဒါက အမြဲတော့ မမှန်နိုင်ပေမယ့်ပေါ့။ ပန်းနာရင်ကျပ်လိုမျိုး၊ ပြင်းထန်တဲ့ရင်ကျပ်ချောင်းဆိုးနာလိုမျိုး နှလုံးသွေးကြောရောဂါရှိတဲ့ လူကြီးလူငယ်တွေကတော့ ညစ်ညမ်းတဲ့လေထုနဲ့ထိတွေ့မိရင် အထိခိုက်နိုင်ဆုံးပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့အဆုတ်က ကြီးထွားနေဆဲဖြစ်တာကြောင့် ကလေးတွေအတွက်လည်း အန္ထရာယ်များတာပါပဲ။ ကလေးတွေဆိုတော့ အပြင်မှာလည်း လှုပ်လှုပ်ရှားရှား ထွက်ဆော့တတ်ကြတယ်။ ရလဒ်အနေနဲ့ကတော့ ကလေးတွေ ကိုယ်အလေးချိန်တိုးလာတာနဲ့အမျှ ညစ်ညမ်းတဲ့ပြင်ပလေကို လူကြီးတွေထက် ပိုရှူမိလေ့ရှိကြပါတယ်။

လူသားတွေအတွက် သူတို့ပတ်ဝန်းကျင်ကလေကိုရှူတာအပြင် တခြားရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် အပြင်မထွက်ဘဲ အရိပ်ထဲမှာနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆိုးဆိုးရွားရွားလေထုညစ်ညမ်းတဲ့နေ့တွေမှာ သိပ်လှုပ်လှုပ်ရှားရှားမနေတာပဲဖြစ်ဖြစ်၊ ဒီနည်းတွေနဲ့ ကျန်းမာရေးမထိခိုက်အောင် နေနိုင်ပါတယ်။ ယာဥ်ကြောပိတ်ဆို့တဲ့နေရာတွေနှင့် စက်မှုဇုန်တွေကို တတ်နိုင်သမျှရှောင်ကြဥ်လို့လည်း ရပါသေးတယ်။ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လူသားတွေ အတူတကွပူးပေါင်းပြီး တစ်ဆင့်ချင်းကြိုးစားနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေက တစ်စုံတစ်ယောက်ရဲ့အသက်ကိုနှုတ်ယူသွားနိုင်တဲ့ ပြဿနာတစ်ရပ်အပေါ် အပြုသဘောဆောင်တဲ့တုံပြန့်ပုံတွေဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်များ
  1. ဒီလေ့ကျင့်ခန်းမှာ ကျောင်းသားတွေက မီးခိုးမြူသဏ္ဌာန်တွေဖြစ်လာပုံကို နားလည်ဖို့နှင့်ရှင်းပြန်နိုင်ဖို့ marshmallow မုန့်သုံးပြီး မော်လီကျူးပုံစံငယ်များကို ဖန်တီးရမှာဖြစ်ပါတယ်။
လမ်းညွှန်မှုမေးခွန်းများ
  1. မီးခိုးမြူဆိုတာ ဘာလဲ?
  2. လေထုညစ်ညမ်းခြင်းက ဘာကြောင့်အန္တရာယ်ရှိတာလဲ?
  3. လေထုညစ်ညမ်းခြင်းကို ဘယ်လိုတားဆီးနိုင်လဲ?

Authors

Developed by John Ristvey, Director of the UCAR Center for Science Education. Adapted from Understanding Air: Air Pollution and Modeling Pollutants with LEGO Bricks (WGBH).