အရင်းအမြစ်များ

အများကောင်းကျိုး

လက်သင်
Coins growth Photo: © iStock-1280698704
1 Star2 Stars3 Stars4 Stars5 Stars (2 )
Loading...
Resource Type
စီမံကိန်း
Subjects
ဘူမိသိပ္ပံဘာသာရပ်
Topics
ဂေဟစနစ်များ ရေရှည်တည်တံ့မှု
Time for activity
၁၅ − ၃၀ မိနစ်၊

ကျောင်းသားများအား အရင်းအမြစ် မလုံလောက်ခြင်း အကြောင်းကို သင်ကြားရန် ရိုးရှင်းပြီး ပျော်စရာကောင်းသော သရုပ်ပြခြင်း ဖြစ်သည်။ ကျောင်းသားများသည် အတန်းဖော်များနှင့် ဆက်သွယ်ခြင်း မပြုဘဲ သကြားလုံးများ ရရန် ယှဉ်ပြိုင်ကြပြီး တစ်ကြိမ်တည်း အပြီး၌ ၎င်းတို့ မျှဝေထားသော အရင်းမြစ်များ ကုန်ဆုံးသွားသည့်“ကြေကွဲဖွယ်ဖြစ်ရပ်”ကို အမြဲတမ်းနီးပါး ကြုံတွေ့ရပါလိမ့်မည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

ကျောင်းသားများအား အရင်းအမြစ် မလုံလောက်ခြင်း အကြောင်းကို သင်ကြားရန် ရိုးရှင်းပြီး ပျော်စရာကောင်းသော သရုပ်ပြခြင်း ဖြစ်သည်။ ကျောင်းသားများသည် အတန်းဖော်များနှင့် ဆက်သွယ်ခြင်း မပြုဘဲ သကြားလုံးများ ရရန် ယှဉ်ပြိုင်ကြပြီး တစ်ကြိမ်တည်း အပြီး၌ ၎င်းတို့ မျှဝေထားသော အရင်းမြစ်များ ကုန်ဆုံးသွားသည့်“ကြေကွဲဖွယ်ဖြစ်ရပ်”ကို အမြဲတမ်းနီးပါး ကြုံတွေ့ရပါလိမ့်မည်။ ထို့နောက် သူတို့တွင် ထပ်မံကစားရန် အခွင့်အရေးရှိသည် − ဤတစ်ကြိမ်တွင် နည်းဗျူဟာကို ထုတ်ပြောပြီး အနာဂတ်အတွက် အစီအစဉ် ဆွဲပြီး အတူတကွ လုပ်ဆောင်ရပါမည်။ တစ်ဦး နှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးပြီး တာ၀န်ခံမှုရှိခြင်းအားဖြင့် ကျောင်းသားများသည် သူတို့၏ အရင်းအမြစ်များကို မျှမျှတတ မည်သို့ ဝေမျှရမည်ကို လေ့လာရန်ဖြစ်သည်၊ သို့မှသာ လူတိုင်း အရမ်းလိုချင်သော သကြားလုံးဆုကို ရရှိမည်ဖြစ်သည်။

သစ်ပင်များ (သို့) ငါးများကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို စနစ်တကျ စီမံနိုင်လျှင် ထိန်းသိမ်းထားနိုင်သည်။ သို့သော် ပြန်လည်ဖြည့်တင်းရန် အခွင့်အလမ်း မပေးပါက ဤအရင်းအမြစ်များသည် အထူးသဖြင့် အရင်းမြစ်များ လိုအပ်မှုအား ကြီးထွားလာသည် နှင့်အမျှ လျင်မြန်စွာ ကုန်ခန်းသွားနိုင်သည်။ ဂယ်ရတ် ဟာဒင် (Garrett Hardin) ၏သီအိုရီ အရင်းအမြစ် မလုံလောက်ခြင်းမှာ၊ လူတို့သည် “အများကောင်းကျိုး” အတွက် မဟုတ်ဘဲ မိမိတို့၏ ကိုယ်ကျိုး အတွက်သာ ပြုမူသည်ဟု အခိုင်အမာဆိုသည်။ ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များကို စီမံခန့်ခွဲရာတွင် လူအများမှ ၎င်းတို့ကို ပူးပေါင်းဆောင်ရွက်ပြီး အသုံးပြုရန် နှင့် ရေတိုအကျိုးအမြတ်ကို ရရှိရန် အတွက် ရေရှည်အကျိုးအမြတ်ကို မစွန့်လွှတ်ရန် အရေးကြီးသည်။ လူမှုရေး ပြဿနာများတွင် အလားတူ အယူအဆမှာ မှန်ကန်သည် – တစ်ကိုယ်ကောင်းဆန်ခြင်းထက် ပူးပေါင်းဆောင်ရွက်ခြင်းသည် လူ့အဖွဲ့အစည်းကို ပိုသာသော ရေရှည်အကျိုးကျေးဇူးများကို ယူဆောင်လာပါမည်။ လူဦးရေ တိုးပွားလာသည် နှင့်အမျှ ကျွန်ုပ်တို့၏ အကန့်အသတ်ရှိသော သယံဇာတ အရင်းအမြစ်ကို ထိန်းသိမ်းရန်

အဓိက ရည်ရွယ်ချက်များ
  • သရုပ်ပြ ဂိမ်းကစားခြင်းတွင် အရင်းအမြစ်များကို ရေရှည် အသုံးပြုနိုင်မည့် နည်းဗျူဟာ တစ်ခုကို ဖော်ထုတ်ပါ။
  • ဂိမ်းတွင် အသုံးပြုသော ချစ်ပ်များ နှင့် လူတို့ မှီခိုအားထားသည့် ပြန်လည်ပြည့်ဖြိုးမြဲ အရင်းအမြစ်များ အကြား နှိုင်းယှဥ်မှုများကို ဆွဲပြီး
  • အရင်းအမြစ် သရုပ်ပြ ဂိမ်းများတွင် ပါဝင်သူများ၏ လုပ်ဆောင်မှုများသည် တကယ့် လက်တွေ့ အခြေအနေများရှိ လူများ၏ လုပ်ဆောင်မှုများနှင့် မည်သို့ တူညီမှု (သို့) ကွာခြားမှုရှိသည်ကို ဆန်းစစ်ပါ။
လမ်းညွှန်မှုမေးခွန်းများ
  1. ပြန်လည်ပြည့်ဖြိုးမြဲ နှင့် ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်သော အရင်းအမြစ်များမှာ အဘယ်နည်း။
  2. ပတ်၀န်းကျင် / သင့်ရပ်ကွက်ရှိ ပြန်လည်ပြည့်ဖြိုးမြဲ နှင့် ပြန်လည်ပြည့်ဖြိုးမြဲ မဟုတ်သော အရင်းအမြစ်များ၏ ဥပမာများကို ပေးပါ။
  3. ဥပမာတစ်ခုချင်းစီအား မည်သို့ ထိန်းချုပ်အသုံးချခြင်း နှင့် ၎င်းတို့အား အသုံးပြုခြင်း နှင့် / သို့မဟုတ် သီးသန့် အရင်းအမြစ်မှ ထုတ်ကုန်များကို မည်သို့ထုတ်လုပ်သည်ကို ဖော်ပြပါ။
  4. ဤအရင်းအမြစ်များနှင့် သက်ဆိုင်သည့် အခက်အခဲများ / ပြဿနာများမှာ ဘာဖြစ်ပါသနည်း။
    ၅။ ဤပြဿနာများ အဘယ့်ကြောင့် ဖြစ်ပေါ်ရပါသနည်း။
  5. ဤအရင်းအမြစ်များ လျော့နည်းသွားလျှင် ဘာဖြစ်မည်နည်း။
  6. ဤပြဿနာများကို ဖြေရှင်းရန် ဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများမှာ ဘာဖြစ်ပါသနည်း။
  7. ဤအရင်းအမြစ်များကို ထိန်းသိမ်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။
  8. သင့်အသိုင်းအဝိုင်းတွင် လူများ မည်သို့ ပူးပေါင်းဆောင်ရွက်သည်ကို ဥပမာအချို့ ပေးပါ။

Authors

Ruby R. Cristobal, Ph.D. (Philippines) For the Common Good activity was developed by Kurt and Ursula Frischknecht and Karen Zimbelman found in Thinking Globally and Acting Locally: Environmental Education Teaching Activities by Lori D. Mann and William B. Stapp