အလင်းဖြင့်ကိုယ်တိုင်အစာချက်လုပ်ခြင်းကြောင့် ပေါလောပေါ်ခြင်း
- အရင်းအမြစ်
- လက်တွေ့စမ်းသပ်မှု
- ဘာသာရပ်များ
- ဇီဝဗေဒ ရူပဗေဒ
- ခေါင်းစဉ်များ
- ဂေဟစနစ်များ စွမ်းအင် သိပ္ပံနည်းကျစူးစမ်းခြင်း
- လှုပ်ရှားမှုများအတွက်အချိန်
- ၄၅ မိနစ်
အပင်တွေဟာ အလင်းနဲ့ကိုယ်တိုင်အစာချက်လုပ်နိုင်တာကြောင့် အစာကွင်းဆက်နှင့် ကာဗွန်စက်ဝန်းရဲ့ အဓိကကျတဲ့အပိုင်းကို ပိုင်ဆိုင်ထားပါတယ်။ နေနှင့်လေထဲကဒြပ်မှုန်တွေကနေ စွမ်းအင်ကို စုပ်ယူသိုလှောင်တဲ့ ဇီဝဓာတုဖြစ်စဥ်ကို Photosynthesis (အလင်းဖြင့်ကိုယ်တိုင်အစာချက်လုပ်ခြင်း) လို့ခေါ်ပါတယ်။ ဒီလက်တွေ့စမ်းသပ်ချက်မှာ
- မိတ်ဆက်
-
အပင်တွေဟာ အလင်းနဲ့ကိုယ်တိုင်အစာချက်လုပ်နိုင်တာကြောင့် အစာကွင်းဆက်နှင့် ကာဗွန်စက်ဝန်းရဲ့ အဓိကကျတဲ့အပိုင်းကို ပိုင်ဆိုင်ထားပါတယ်။ နေနှင့်လေထဲကဒြပ်မှုန်တွေကနေ စွမ်းအင်ကို စုပ်ယူသိုလှောင်တဲ့ ဇီဝဓာတုဖြစ်စဥ်ကို Photosynthesis (အလင်းဖြင့်ကိုယ်တိုင်အစာချက်လုပ်ခြင်း) လို့ခေါ်ပါတယ်။ ဒီလက်တွေ့စမ်းသပ်ချက်မှာ ပေါလောလွင့်နေတဲ့သစ်ရွက်ဖြတ်စအရေအတွက်က ကိုယ်တိုင်အစာချက်လုပ်ခြင်းရဲ့ အသားတင်နှုန်းအပေါ် သွယ်ဝိုက်တိုင်းတာချက်ဖြစ်ပါတယ်။
ကိုယ်တိုင်အစာချက်လုပ်ရာမှာ အပင်တွေက နေ၊ ရေ၊ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကနေ စွမ်းအင်ရရှိပြီး ထိုစွမ်းအင်က ဂလူးကို့စ်မော်လီကျူးအဖြစ် အသွင်ပြောင်းလိုက်ပါတယ်။ ဒီဖြစ်စဥ်မှာ ဘေးထွက်ပစ္စည်းအဖြစ် အောက်စီဂျင် (O2) ကိုထုတ်လုပ်ပါတယ်။ ကိုယ်တိုင်အစာချက်လုပ်နိုင်တဲ့သက်ရှိတွေက အောက်စီဂျင်ထုတ်လုပ်ခြင်းကြောင့် ကမ္ဘာကြီးဟာ အောက်စီဂျင်ကြွယ်ဝတဲ့လေထုကို ပိုင်ဆိုင်ထားရခြင်းဖြစ်ပါတယ်။
- အဓိက ရည်ရွယ်ချက်များ
-
- အလင်းရောင်သုံးပြီး ကိုယ်တိုင်အစာချက်လုပ်နိုင်တဲ့သက်ရှိတွေက နေနှင့် လေထဲကဒြပ်မှုန်တွေကနေ စွမ်းအင်စုပ်ယူရရှိပါတယ်။ အဲ့ဒီကနေမှ ကျွန်ုပ်တို့စားတဲ့အစာ နှင့် ရှူတဲ့အောက်စီဂျင်ကို ပြန်ထုတ်ပေးပါတယ်။ ဒီလုပ်ဆောင်ချက်မှာ အစာချက်နေစဥ် အောက်စီဂျင်ထွက်လာပြီး သစ်ရွက်တွေက ရေထဲကပူစီဖောင်းလေးတွေလို အနည်းငယ်ပေါလောလွင့်နေပါတယ်။
- လမ်းညွှန်မှုမေးခွန်းများ
-
- ပထမတစ်ရွက် ပေါလောပေါ်ဖို့ ဘယ်လောက်အချိန်ယူလဲ?
- အရွက်တစ်ဝက် ပေါလောပေါ်ဖို့ ဘယ်လောက်အချိန်ယူလဲ? အရွက်အားလုံးဆိုရင်ရော?