အရင်းအမြစ်များ

ပျားတဝီဝီမြည်သံ နှင့် လိပ်ပြာများ၏ အရောင်များကို ပြန်လည်ထိန်းသိမ်းရအောင်။

အလယ်အလတ်
Honey bee flying over flowers Photo: © iStock 1005384726_manfredxy
1 Star2 Stars3 Stars4 Stars5 Stars (2 )
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဇီဝဗေဒ ဘူမိသိပ္ပံဘာသာရပ်
ခေါင်းစဉ်များ
ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ရေရှည်တည်တံ့မှု
လှုပ်ရှားမှုများအတွက်အချိန်
မိနစ် ၆၀

မကြာသေးမီ အချိန်အတွင်း ငှက်များအသိုက်ဖွဲ့စည်းခြင်း၊ လိပ်ပြာနှင့် အခြားပျံသန်းသည့် အင်းဆက်ပိုးများနှင့် ပျားအဖွဲ့အစည်းများ၏အင်အားမှာ လျော့နည်းလာနေသည်ကို တွေ့ရသည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

မကြာသေးမီ အချိန်အတွင်း ငှက်များအသိုက်ဖွဲ့စည်းခြင်း၊ လိပ်ပြာနှင့် အခြားပျံသန်းသည့် အင်းဆက်ပိုးများနှင့် ပျားအဖွဲ့အစည်းများ၏အင်အားမှာ လျော့နည်းလာနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့က အင်းဆက်ပိုးမွှား အမျိုးအစားသစ်များကိုလည်း စောင့်ကြည့်နေကြပါတယ်။ သုတေသနပြုပြီးနောက် ဌာနေမဟုတ်သောအပင်များ၊ ပိုးသတ်ဆေးများ နှင့် အင်းဆက်ပိုးသတ်ဆေးများ ဖြန်းခြင်း၊ တစ်မျိုးတည်း စိုက်ပျိုးခြင်းဓလေ့ နှင့် အခြား အကြောင်းပြချက်များစွာသည် ဤပြောင်းလဲမှုများကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့သည်။ လူများသည် သဘာဝကို ထိန်းသိမ်းရန် စိတ်အားထက်သန်သော်လည်း ကမ္ဘာကြီးပူနွေးလာမှု၊ အပူလှိုင်းများ၊ ရေကြီးမှု စသည် တို့ကြောင့် အများစုမှာ ရေရှည်တည်တံ့သော ချဉ်းကပ်နည်းလမ်း မရှိကြပါ။

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ စိုက်ပျိုးရေးကဏ္ဍ လှုံ့ဆော်မှုသည် စီးပွါးရေး အကျိုးကျေးဇူးများဖြင့် ရေရှည်တည်တံ့နိုင်မည်ကို အသိပညာပေးရန် ဖြစ်သည်။ ကျောင်းသားများသည် သူတို့၏ ပတ်၀န်းကျင်ကို စူးစမ်းသောအခါ မြေဆီလွှာ ပေါင်းစပ်ဖွဲ့စည်းမှုကို ထိန်းသိမ်းရန်၊ မြေဆီလွှာ၏ အစိုဓာတ် နှင့် အာဟာရ အဆင့်များကို ပြန်လည်ထိန်းသိမ်းရန်၊ ငှက်များ၊ လိပ်ပြာများ၊ ပျားများ ကဲ့သို့သော အခြားမျိုးစိတ်များ ပြန်လည်ပေါက်ပွါးလာစေခြင်း တို့အတွက် ဌာနေအပင် တစ်မျိုးစီသည် မည်မျှအရေးပါသည်ကို သူတို့ တွေ့ရှိလိမ့်မည်။ ကျောင်းသားများသည် စီးပွားရေး ရှုထောင့်များကိုလည်း တွေ့ရှိလိမ့်မည်၊ ထို့ကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ရေရှည်တည်တံ့ခိုင်မြဲသော မြေပြင်တွင် လက်တွေ့ကျင့်သုံးနိုင်သည်။

အဓိက ရည်ရွယ်ချက်များ
  • ကျောင်းသား၏ လေ့လာရေး နှင့် စုံစမ်းစစ်ဆေးမှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်။
  • ၎င်းတို့၏ ပတ်ဝန်းကျင်ကို သတိမူမိခြင်း နှင့် ဂေဟစနစ်ကို ထိန်းသိမ်းရန် အရေးကြီးပုံကို သိရှိနားလည်ရန်။
  • ပတ်၀န်းကျင် ထိန်းသိမ်းရေးတွင် တာ၀န်၀တ္တရား တိုးပွားစေရန်။
  • သဘာဝပေါက်ပင်များ ကြီးထွားမှုသည် မြေဆီလွှာ အမျိုးအစား၊ နေရင်းဒေသ နှင့် ဂေဟစနစ်များကို မည်သို့ အကျိုးသက်ရောက်ကြောင်း ကျောင်းသားများ နားလည်စေရန်။
  • ဌာနေ နှင့် ဌာနေမဟုတ်သော အပင်များကို ကျောင်းသားများမှ ခွဲခြားရန် ကူညီခြင်း။
လမ်းညွှန်မှုမေးခွန်းများ
  1. သင်၏ပတ်၀န်းကျင် ကိုလေ့လာပြီး (သင်၏အိမ်နောက်ဖေး (သို့) ကျောင်းဥယျာဉ် (သို့) မည်သည့် ပန်းခြံတွင် မဆို) ဇီဝမျိုးကွဲများကို ရှာဖွေနိုင်သော နေရာ အနည်းဆုံး ၂ ခု မှ ၃ ခုကို ရှာဖွေပါ။ ရွေးချယ်ထားသော ဧရိယာ တစ်ခုစီတွင် ရှိသော သဘာဝပေါက်ပင် အမျိုးအစား နှင့် ထိုဧရိယာတွင် ရှိသော မတူညီသော ဇီဝမျိုးကွဲ အတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို စာရင်းပြုစုပါ။ (ဤသည်မှာ ပုံသေမဟုတ်သော ရေ (သို့) နေရောင်ခြည် ရရှိမှု (သို့) ထိုဧရိယာသည် ထူထပ်သော သဘာဝပေါက်ပင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်းသည် မြေဆီလွှာအတွင်းရှိ မြေဆွေးများကို တိုးပွားစေသည်၊ စသည်)
  2. သင်ရွေးချယ်ထားသော ဧရိယာအတွင်းရှိ အပင်များကို ခွဲခြားသတ်မှတ်ရန် ကျောင်းသားများကို ကူညီပေးပါ၊ ၎င်းတို့သည် ဌာနေ အပင်များ (သို့) ဌာနေ မဟုတ်သော အပင်များ။
  3. ဧရိယာ တစ်ခုစီမှ မြေဆီလွှာ နမူနာကို စုဆောင်းပါ။
  4. မြေဆီလွှာ ပေါင်းစပ်ဖွဲ့စည်းပုံ ကွဲပြားခြားနားမှုကို ပုလင်း ၁ လုံးစီတွင် ဖော်ပြပါ။
  5. ပုလင်း ၁ လုံးစီတွင် ရှိသော မြေဆီလွှာ၏ အရောင်ကို ဖော်ပြပါ။
  6. မြေဆီလွှာ၏ အစိုဓာတ် အခြေအနေများ နှင့် သင်ရှာဖွေတွေ့ရှိရသည့် အကြောင်းရင်းများကို ရှာဖွေပါ။
  7. သင်သည် မည်သည့် မြေဆီလွှာ အမျိုးအစား (သို့) အပင် အမျိုးအစားများတွင် ပုရွက်ဆိတ်များ၊ တီကောင်များ (သို့) အခြား အင်းဆက်ပိုးများကို ပိုမို ရှာတွေ့ပါသနည်း။

စာရေးသူများ

Shahnila Zia, Dawood Public School