အရင်းအမြစ်များ

ကျွန်ုပ်၏ ရေခြေရာ

အလယ်အလတ်
A faucet with a water drop / Water consumption concept Photo: © iStock-1039347886
1 Star2 Stars3 Stars4 Stars5 Stars
Loading...
Resource Type
စီမံကိန်း
Subjects
ဘူမိသိပ္ပံဘာသာရပ်
Topics
ဂေဟစနစ်များ ရေရှည်တည်တံ့မှု
Time for activity
တစ်ပါတ်အတွင်း ပြီးရမည်၊

ကျွန်ုပ်တို့၏ အိမ်ထောင်စု နှင့် မိသားစုအတွင်း ရေအသုံးပြုမှုနှင့် ၎င်းကို အဓိက ပံ့ပိုးပေးသော အရာများကို ပိုမို သိရှိနားလည်မှုကို တိုးပွါးစေရန် ဖြစ်သည်။ ရည်မှန်းချက်မှ ာပါဝင်သူများ၏ နေ့စဉ်အသက်တာ၌ ရေအသုံးပြုမှုကို လျှော့ချရန်၊ လူတစ်ဦးချင်း၏ အပြုအမူနှင့် လူနေမှု အဆင့်အတန်းကို အသေးစားမှ စတင်၍ တဖြေးဖြေး ကြီးထွားလာပြီး ကြီးမားသောပုံရိပ်သို့ ပေါင်းကူးသွားရန် ဖြစ်သည်။ သူတို့၏ ရွယ်တူချင်းများ အကြားတွင် လက်ဆင့်ကမ်း ပြောဆိုပြီး စည်းရုံးလှုံ့ဆော်ရေးကို စတင်နိုင်ပါသည်။ မည်သူမှ အသုံးချပြီး၊ ပြန်လည်အသုံးပြုသည်ကို အကောင်းဆုံး သက်သေပြရန် စိန်ခေါ်မှုများကို စီစဉ်နိုင်သည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

ကျွန်ုပ်တို့၏ အိမ်ထောင်စု နှင့် မိသားစုအတွင်း ရေအသုံးပြုမှုနှင့် ၎င်းကို အဓိက ပံ့ပိုးပေးသော အရာများကို ပိုမို သိရှိနားလည်မှုကို တိုးပွါးစေရန် ဖြစ်သည်။ ရည်မှန်းချက်မှ ာပါဝင်သူများ၏ နေ့စဉ်အသက်တာ၌ ရေအသုံးပြုမှုကို လျှော့ချရန်၊ လူတစ်ဦးချင်း၏ အပြုအမူနှင့် လူနေမှု အဆင့်အတန်းကို အသေးစားမှ စတင်၍ တဖြေးဖြေး ကြီးထွားလာပြီး ကြီးမားသောပုံရိပ်သို့ ပေါင်းကူးသွားရန် ဖြစ်သည်။ သူတို့၏ ရွယ်တူချင်းများ အကြားတွင် လက်ဆင့်ကမ်း ပြောဆိုပြီး စည်းရုံးလှုံ့ဆော်ရေးကို စတင်နိုင်ပါသည်။ မည်သူမှ အသုံးချပြီး၊ ပြန်လည်အသုံးပြုသည်ကို အကောင်းဆုံး သက်သေပြရန် စိန်ခေါ်မှုများကို စီစဉ်နိုင်သည်။

အဓိက ရည်ရွယ်ချက်များ
  • ကျောင်းသားများ အနေဖြင့် သူတို့၏ တစ်ဆင့်ပြီး တစ်ဆင့် ရေးမှတ်ထားသော“သုတေသန”မှတ်တမ်းကို ပေးရပါမည်။ သူတို့ မည်သည့် နေရာမှ စတင်ခဲ့သနည်း၊ သူတို့ မေးခွန်းများကို မည်သို့ ကြိုးစားရှာဖွေ သနည်း – ဘယ်အရာက ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါသလဲ၊ ဘယ်အရာက ကျရှုံးခဲ့ပါသလဲ၊ စသည် နှင့် နောက်ဆုံးအနေဖြင့် မည်သည့် အပြောင်းအလဲများကို သူတို့ လေ့လာမိခဲ့သနည်း (ဥပမာ – အသုံးပြုခဲ့သော လီတာများ၊ သဘောထား၊ အပြုအမူ နှင့် ခံစားချက်တို့တွင် – သူတို့နှင့် သူတို့၏ စီမံကိန်းတွင် ပါ၀င်သူများ (အိမ်ထောင်စုဝင်များ၊ အိမ်နီးချင်းများ၊ လူမှုကွန်ယက်မှ နောက်လိုက်များ၊ စသဖြင့်))
လမ်းညွှန်မှုမေးခွန်းများ
  1. ကျွန်ုပ်တို့သည် ရေကို ဘာအတွက်ကြောင့် လိုအပ်ပါသနည်း။
  2. ရေကို မည်သည့်နေရာတွင် သုံးသနည်း။
  3. ရေသည် မည်သည့်နေရာမှ လာပါသနည်း။
  4. တစ်နေ့အတွင်း သင်အမှန်တကယ် မည်မျှ သုံးသည်ဟု သင်ထင်ပါသနည်း။
  5. သင့်အနီးဝန်းကျင်တွင် ခန့်မှန်းခြေ ရေမည်မျှ သုံးပါသနည်း။
  6. ကျွန်ုပ်တို့ ရေကို မည်သို့ သုံးပါသနည်း − ကျွန်ုပ်တို့ အပြည့်အဝ ကောင်းစွာ အသုံးပြုပါသလား (သို့) မြောင်းထဲသို့ တန်းရောက်သွားပါသလား။
  7. ကျွန်ုပ်တို့ အသုံးပြုသော ရေကို ပိုမိုကောင်းမွန်စွာ မည်သို့ အသုံးပြုနိုင်ပြီး ရေအသုံးပြုမှုကို မည်သို့ လျှော့ချနိုင်ပါသနည်း။
  8. ကျွန်ုပ်တို့ အဘယ့်ကြောင့် ဂရုစိုက်သင့် ပါသနည်း။

Authors

Viola Kessel, Carlos Cortés