အရင်းအမြစ်များ

ဥများ

လက်သင်
Experiment with Eggs Photo: GUB e.V.
1 Star2 Stars3 Stars4 Stars5 Stars
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဇီဝဗေဒ ဓာတုဗေဒ ရူပဗေဒ
ခေါင်းစဉ်များ
သိပ္ပံနည်းကျစူးစမ်းခြင်း
လှုပ်ရှားမှုများအတွက်အချိန်
၅ ရက်

ဥတွေဟာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဥတစ်လုံးကို ဘယ်လို ဓာတ်မှန်ရိုက်ရလဲဆိုတာ ဒါမှမဟုတ် ခုန်နေတဲ့ဥလေးတွေဘယ်လိုလုပ်ရတာဆိုတာ ပြပေးပါမယ်။ ကြက်ဥအစိမ်းနဲ့ အကျက်၊ လတ်ဆတ်တာနဲ့မလတ်ဆတ်တာ ဘယ်လိုခွဲမလိုဆိုတာလဲပြောပြပါမယ်။ မတူတဲ့ငှက်အမျိူးမျိူးက ဥတွေက ပုံစံတွေမတူကြသလို အရွယ်အစားလည်းမတူကြပါဘူး။ ဒီဗွီဒီယိုထဲမှာ တခြားဘယ်သူတွေက ဥဥသေးလဲဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Sience S
Technology T
Engineering E
Mathematics M
မိတ်ဆက်

ဥခွံတွေဟာ ထုံးကျောက်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ရှာလကာရည်ဟာ အက်ဆစ်ဖြစ်ပြီး ထုံးကျောက်ကို ပျော်စေပါတယ်။ သူတို့နှစ်ခုတွေ့တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးပြီး ဒီကာဗွန်ဒိုင်အောက်ဆိုဒ်က လေပူဖောင်းသေးသေးလေးတွေလို
ပူဖောင်းလေးတွေကိုဖြစ်လာစေပါတယ်။ ထုံးကျောက်အခွံရဲ့အောက်မှာ အခွံပါးတစ်ခုရှိနေပါသေးတယ်။ ဒါက သင့်ရဲ့မနက်စာကြက်ဥမှာပါတဲ့ အမြှေးပါးလေးပါ။ ဒီအမြှေးပါးလေးက ဥထဲကအရည်တွေကို ပိတ်ထားပေးပြီး ရော်ဘာဥဖြစ်ဖို့ အရည်စိမ့်ထွက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဥဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် ညှပ်ခြင်းဟာ ကြက်ဥတစ်ဥဟာ သားပေါက်ဖို့ရှိလားမရှိလားဆိုတာကို ဆုံးဖြတ်တတ်ဖို့ ကြက်မွေးမြုရေးမှာအသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥတစ်လုံးက လတ်ဆတ်လားဆိုတာ စမ်းသပ်လိုတယ်ဆိုရင်တော့ ရေနဲ့ စစ်တဲ့နည်းလမ်းကအကောင်းဆုံးဖြစ်ပါတယ်။ ဥကို ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်ထဲမှာထည့်လိုက်ပါ။ ဥက လတ်ဆတ်တယ်ဆိုရင် အောက်ခြေမှာနေနေပါလိမ့်မယ်။

တကယ်လို့ ဥကတစ်ပတ်လောက်ကြာနေပြီဆိုရင် အစွန်းတစ်ဖက်က ထောင်လာမှာဖြစ်ပါတယ်။ နှစ်ပတ်လောက်ကြာနေတဲ့ဥဆိုရင်တော့ ရေထဲမှာထောင်နေပါလိမ့်မယ်။ လေးပတ်နောက်ပိုင်းကြာပြီဖြစ်တဲ့ဥဆိုရင် အောက်ခြေနဲ့မထိဘဲ ရေပေါ် ပေါလောပေါ်နေပါလိမ့်မယ်။ ဒီလိုဥမျိူးကိုတော့ မစားသင့်တော့ပါဘူး။

ဥအစိမ်းနဲ့ ဥအကျက်ကို ခွဲဖို့သုံးတဲ့ လည်တဲ့နည်းကအလုပ်ဖြစ်တာ ဘာကြောင့်လဲဆိုရင် ဥအစိမ်းမှာက အထဲကအရည်တွေကို တွန်းကန်လို့ပါ။ လည်နေတဲ့အချိန်မှာပဲ နှေးနှေးလေးဖြစ်နေပြီး ယိမ်းယိုင်နေတဲ့အချိန်မှာ အထဲကမာနေတဲ့ဥကတော့ ကျောက်ခဲလိုလည်နေပါတယ်။

လတ်ဆတ်မှုကို စမ်းသပ်တဲ့ စမ်းသပ်မှုမှာတော့ ဥက တဖြည်းဖြည်း မြင့်တက်လာရခြင်းအကြောင်းရင်းကတော့ ဥထဲမှာရှိတဲ့ လေခန်းကြောင့်ဖြစ်ပါတယ်။ ဒီလေခန်းတွေက အချိန်ကြာလာတာနဲ့အမျှ ပိုကြီးလာတာကြောင့်ဖြစ်ပါတယ်။ အချိန်နဲ့အမျှ ဥခွံကနေတဆင့် ရေက အငွေ့ပျံပြီး လေဝင်ရောက်လာပါတယ်။ ဒါကြောင့် ဥက အတွင်းမှာ ပေါလောပေါ်ဖို့ဖြစ်လာတာဖြစ်ပြီး ဒါကြောင့် လေးပတ်နောက်ပိုင်းမှာ ထိပ်ကိုတက်လာတာဖြစ်ပါတယ်။

ငှက်အမျိူးအစားတွေအားလုံးကက မတူတဲ့ ဥအမျိူးအစားတွေဥပါတယ်။ ဒါကြောင့် ငှက်သုတေသနပညာရှင်က ဥကိုကြည့်ပြီး ဘယ်ငှက်ရဲ့ ဥလဲဆိုတာကို ပြောနိုင်ပါတယ်။ ဒါပေမဲ့ ငှက်တွေသာ ဥဥတာမဟုတ်ပါဘူး။ ငါးအများစုနှင့် တွားသွားသတ္တဝါများ၊ ဖားများ၊ အင်းဆက်များနှင့် ရေနေသတ္တဝါများလည်း ဥဥကြပါတယ်။ တချို့ နို့တိုက်သတ္တဝါတွေဖြစ်တဲ့ ဖြူးကောင်နှင့် ရေနေသတ္တဝါတစ်ကောင်ဖြစ်တဲ့ platypus တို့လည်း ဥဥကြပါတယ်။

စာရေးသူများ

Gesellschaft für Umweltbildung Baden-Württemberg e.V.