သတင်း အဖြစ်အပျက်

သိပ္ပံရုပ်ရှင်ပွဲတော် စံချိန်ထပ်မံတင

Science Film Festival

ဇန်နဝါရီ 31, 2020

Goethe-Institut ၏ သိပ္ပံရုပ်ရှင်ပွဲတော်သည် 2019 ခုနှစ်အတွင်း အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်းရှိ နိုင်ငံပေါင်း 22 နိုင်ငံတွင် ကြည့်ရှုသူပေါင်း 1.3 ဘီလျံကျော်အထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤရလဒ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသိပ္ပံဆိုင်ရာ ရုပ်ရှင်ပွဲတော်အဖြစ် ထိုပွဲတော်၏ ရပ်တည်မှုကို ဆက်လက်ခိုင်မာစေပြီး ၎င်းကျင်းပရာ နိုင်ငံများတွင် သိပ္ပံပညာ စိတ်ဝင်စားသူမြင့်တက်လာရေး လှုပ်ရှားမှုများအတွက် အထိရောက်ဆုံးပွဲတော်အဖြစ် အသိအမှတ်ပြုခံထားရမှုကို ဆက်လက်တည်တံ့စေသည်။

2019 ခုနှစ်တွင် ပွဲတော်သည် ရုပ်ရှင်ကားပေါင်း 250 ကျော်လက်ခံရရှိခဲ့ပြီး ဒေသတွင်း ပွဲတော်လက်ခံကျင်းပရာနိုင်ငံများမှ သိပ္ပံဆိုင်ရာ ပညာရေးနှင့် ဆက်သွယ်ရေး ပညာရှင်များက ပွဲတော်၏ တရားဝင်လက်ရွေးစင်အဖြစ် နိုင်ငံပေါင်း 23 နိုင်ငံမှ ရုပ်ရှင်ကားပေါင်း 83 ကားကို ရွေးချယ်ခဲ့သည်။ ဘာသာစကားအခက်အခဲမရှိဘဲ ကြည့်ရှုခံစားနိုင်ရန်အတွက် ရုပ်ရှင်ကားတိုင်းကို ဒေသခံဘာသာစကားများသို့ ဘာသာပြန်ဆိုကာ စာတန်းထိုးပေးခဲ့ပါသည်။ ကမ္ဘာကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်(UNEP) နှင့် ပူးပေါင်း၍ 2020 သိပ္ပံရုပ်ရှင်ပွဲတော်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ(SDGs) ကို မိတ်ဆက်ရန်ရည်ရွယ်ပါသည်။ သိပ္ပံ၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်အကြောင်း ရိုက်ကူးထားသော လက်ရွေးစင် နိုင်ငံတကာရုပ်ရှင်ကားများမှတစ်ဆင့် ဤရုပ်ရှင်ပွဲတော်သည် SDGs နှင့် အဓိကစပ်လျဉ်းသော အရေးကိစ္စများအကြောင်း ဆွေးနွေးပြောဆိုမှုများကို ပိုမိုတွင်ကျယ်စေပြီး ဤဆွေးနွေးပြောဆိုမှုများမှတစ်ဆင့် လူသားမျိုးနွယ်နှင့် ကမ္ဘာမြေ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် လက်တွေ့လုပ်ဆောင်ကြရန် တိုက်တွန်းအားပေးနိုင်မည်ဖြစ်သည်။

ပိုများသောသတင်းများ