သတင်း အဖြစ်အပျက်

သိပ္ပံရုပ်ရှင်ပွဲတော် စီးရီးများ

ဇွန် 2, 2020

Goethe-Institut မှစီစဉ်သော သိပ္ပံရုပ်ရှင်ပွဲတော်သည် အရှေ့တောင်အာရှ နိုင်ငံများစွာရှိ လူအချင်းချင်းခပ်ခွာခွာနေရမည့် ကန့်သတ်ချက်များကို တုံ့ပြန်ဖြေရှင်းသည့်အနေဖြင့် ဇူလိုင်လကုန်အထိ သိပ္ပံရုပ်ရှင်ဇာတ်လမ်းတိုများကို စုစည်းပေးထားခြင်းဖြစ်ကာ ပွဲတော်၏ Facebook စာမျက်နှာ တွင် ကြည့်ရှုနိုင်ပါသည်။

နိုဘယ်ဆုရှင်များမှ ၎င်းတို့၏ သုတေသနများကို ကိုယ်ပိုင်စကားလုံးများဖြင့် ရှင်းပြထားသည်ကို ကြည့်ရှုရန်၊ အိမ်တွင်ရိုးရှင်းသော်လည်း ပျော်စရာကောင်းသော စမ်းသပ်မှုများကို စမ်းကြည့်ရန်၊ လှီးထားသော ပန်းသီးစိတ်များ မည်သည့် အတွက်ကြောင့် အရောင်ပြောင်းသွားသည်ကို ရှာဖွေရန် သို့မဟုတ် ကမာ္ဘ့ဆွဲအားလှိုင်းများအကြောင်း ပိုမိုသိရှိနိုင်ရန် အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့မွန်းလွဲပိုင်းတိုင်းတွင် စောင့်မျှော်ကြည့်ရှုပါ။

ပိုမိုသိရှိလိုပါက Facebook စာမျက်နှာရှိ အစီအစဉ်အချိန်ဇယားကိုကြည့်ပါ။

ပိုများသောသတင်းများ