သတင်း အဖြစ်အပျက်

SEADSTEM အား စတင်ထုတ်လွှင်ခြင်း – အရှေ့တောင်အာရှ ဒစ်ဂျစ်တယ် STEM အစီအစဉ်

Launch SEADSTEM Workshop

စက်တင်ဘာ 11, 2019

SEADSTEM သည် အရှေ့တောင်အာရှရှိ Goethe-Institut နှင့် SEAMEO (Southeast Asian Ministry of Education Organization) တို့ ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ဆရာ၊ ဆရာမများအတွက် STEM သင်ကြားမှုနှင့်ပတ်သက်၍ ဆန်းသစ်သော အယူအဆများဆိုင်ရာ အဆင့်မြင့် အရင်းအမြစ်များ ဖလှယ်ရန်နှင့် ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးတရပ်ပင်ဖြစ်သည်။ SEADSTEM သည် ဆရာ၊ ဆရာမများအား အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းတက်ရောက်သူများ၏ သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာစကားများဖြင့် ရရှိနိုင်သော အွန်လိုင်းအရင်းအမြစ်များဖြင့် ၎င်းတို့၏ စာသင်ခန်းများတွင် STEM ချဉ်းကပ်ပုံများကို ပြန်လည်အသုံးပြုနိုင်ရန် ပံ့ပိုးမှု ပေးလျက်ရှိသည်။

အဆိုပါ အစီအစဉ်ကို အောက်တိုဘာလအတွင်း အပိုင်း ၂ ပိုင်းဖြင့် စတင်ဆောင်ရွက်မည်ဖြစ်သည်။ အောက်တိုဘာ ၉ မှ ၁၁ အတွင်း ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ ထိပ်တန်း ပညာရေး ပွဲတော်တစ်ခုဖြစ်သည့် WordDidac Asia နှင့် အာရှမှ အစိုးရ အဆင့်မြင့်အရာရှိနှင့် စီးပွားရေးခေါင်းဆောင်ပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံခန်းမတွင် ကျင်းပမည့် GovInsider Live နွေရာသီ ထိပ်သီးညီလာခံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ အောက်တိုဘာလတွင် ၂၁ ရာစု၏ ပြည်သူများဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သည်။

ပိုများသောသတင်းများ