သတင်း အဖြစ်အပျက်

မကြာမီ – အရှေ့တောင်အာရှနိုင်ငံများရှိ SEADSTEM ဦးဆောင်ဆရာများကို ခေါ်ဆိုပါမည်

ဇွန် 2, 2020

ဘန်ကောက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံမှ တက်ရောက်သူများပါဝင်သည့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲကို Covid-19 ရောဂါအခြေအနေအရ ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းလိုက်ပါသည်။ သို့သော်လည်း ကြိုတင်ပြင်ဆင်မှုများကို ၂၀၂၀ ခုနှစ် စတုတ္ထသုံးလပတ်တွင် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲပုံစံဖြင့် ယခုနှစ်မှပင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။

သက်ဆိုင်ရာနိုင်ငံများရှိ ဦးဆောင်ဆရာများအဖြစ် SEADSTEM ကွန်ရက်နှင့် ချိတ်ဆက်ရန် ကမ္ဘောဒီးယား၊ တီမောလက်စ်တေ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ ဆရာများအား ဇူလိုင် ၁ ရက်မှသြဂုတ်လ ၃၁ ရက်အထိ Goethe-Institut နှင့်အရှေ့တောင်အာရှပညာရေးဝန်ကြီးဌာနများအဖွဲ့အစည်း (SEAMEO)မှတစ်ဆင့် လျှောက်ထားရန် ဖိတ်ခေါ်ထားပါသည်။

SEADSTEM သည် မိမိတို့နိုင်ငံများရှိ STEM သင်ကြားရေးကွန်ရက်များနှင့် တက်ကြွစွာချိတ်ဆက်မှုရှိပြီး အရှေ့တောင်အာရှတစ်ဝှမ်းမှ တန်းတူဆရာများနှင့် နည်းလမ်းများ၊ အတွေ့အကြုံများဖလှယ်ရန် ကြိုးစားနေသည့်ဆရာများကိုရှာဖွေလျက်ရှိပါသည်။ ရည်ရွယ်ချက်မှာ ‘အကောင်းဆုံးအလေ့အကျင့်’ သင်ကြားမှုနည်းစနစ်များကို အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် ဖော်ဆောင်ပြီး ခိုင်မာအောင်တည်ဆောက်ရန်ဖြစ်သည်။ ၎င်းသည် SEADSTEM လေ့လာရေးယူနစ်များကို နိုင်ငံလုံးဆိုင်ရာဘာသာစကားများဖြင့် အွန်လိုင်းပလက်ဖောင်းပေါ်တွင်ရရှိနိုင်စေပြီး အနာဂတ် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့်ဖြန့်ဝေသွားမည့် အခြေခံပုံစံဖြစ်လာစေမည်ဖြစ်သည်။ ခေါ်ဆိုမှုနှင့်နောက်ထပ် သတင်းအချက်အလက် များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအစတွင် ဖော်ပြပါမည်။

ပိုများသောသတင်းများ