အရင်းအမြစ်များ

ရိုဗာ ပြိုင်ပွဲ

အလယ်အလတ်
Rover-Race Photo: © iStock freestylephoto
1 Star2 Stars3 Stars4 Stars5 Stars (1 )
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဘူမိသိပ္ပံဘာသာရပ် အင်ဂျင်နီယာ သင်္ချာဘာသာရပ် ရူပဗေဒ
ခေါင်းစဉ်များ
အင်ဂျင်နီယာလုပ်ငန်းစဉ် နေရာ
လှုပ်ရှားမှုများအတွက်အချိန်
၂နာရီ

ဤစီမံကိန်းသည် ပေးထားသောပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ရွေ့လျားနိုင်သော ယာဉ်တစ်ခုပုံစံထုတ်ရာတွင် ဆက်စပ်အမြင်များကို ချိတ်ဆက်ပေးရန် ရည်ရွယ်ပါသည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

ယနေ့ခေတ်တွင် ပေးထားသော လက်ရှိဖွံ့ဖြိုးတိုးတက်နေသည့် အာကာသစူးစမ်းရှာဖွေရေး နယ်ပယ် တွင် အာကာသပညာရပ်သည် ခေတ်စားလျက်ရှိသည်။ ကျောင်းသားများသည် အာကာသသိပ္ပံ နှင့် ဆက်စပ်သော မတူညီသော နည်းပညာ, ခေတ်နှင့်အညီ အခြေအနေ, ထိုးဖောက် ကျော်လွှားမှုများကို သတိပြုမိလာခြင်းသည် အလွန်အရေးကြီးသည်။ ၎င်းတို့ကို ခေတ်နှင့်အညီ လိုက်မှီဖို့ရန် အကောင်းဆုံး နည်းလမ်းကတော့ ကျောင်းခန်းထဲတွင် အာကာသနှင့်ဆိုင်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ဖို့ရန် ဖြစ်သည်။

ဤလုပ်ဆောင်ချက်သည် ပေးထားသော ပစ္စည်းများကို အသုံးပြုပြိး အာကာသနှင့်ဆိုင်သော အယူအဆအတိုင်း ယာဥ်ဒီဇိုင်းဆွဲဖို့ရန်ဖြစ်သည်။ ၎င်းသည် ကျောင်းသားများ၏ ဖန်တီးနှိုင်စွမ်း၊ စိတ်ကူးစိတ်သန်း၊ နှင့် ဆန်းစစ်ဝေဖန်နိုင်စွမ်းများကို ရူပဗေဒ၊ ဓာတုဗေဒ၊ သချာ နှင့် သိပ္ပံဘာသာရပ်တို့၌ သူတို့၏ဗဟုသုတများကို အသုံးချခြင်းဖြင့် ၎င်းတို့၏ အင်ဂျင်နီယာ ကျွမ်းကျငမှု၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုနှင့် လုပ်ပိုင်ခွင့်များကို တိုးတက်အောင် ပြသလိုခြင်းဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် ငယ်ရွယ်သော သိပ္ပံပညာရှင်များကို ကားပြိုင်ပွဲကဲ့သို့ ကစားနိုင်ရန် မိတ်ဆက်ပေးခြင်း ဖြစ်သည်။ ၎င်းသည် ကျောင်းသားများကို ကစားပွဲပြီးနောက် အဖွဲ့လိုက်စိတ်ဓာတ် ရှိစေခြင်း၊ ပူးပေါင်းဆောင်ရွက်တက်စေခြင်း နှင့် တာဝန်ယူလိုစိတ်ရှိစေခြင်း၊ ပြီးမြောက်အောင်မြင် စေခြင်းတို့ကို ရရှိအောင်ကူညီပေးမှာဖြစ်သည်။

ယာဥ်၊ ရွှေ့လျားမှုနှင့် ပြိုင်ပွဲတွင်ပါဝင်သော အဆိုပြုချက်ကို ဇီဝဗေဒကဲ့သို့ အခြားသော သိပ္ပံနယ်ပယ်များမှ မတူညီသော အယူအဆများနှင့်အတူ အကျိုးရှိရှိအသုံးချနိုင်သည်။ ဇီဝဗေဒစမ်းသပ်ချက်တွင် သုက်ပိုးမျိုးမှ ကြက်ဥဆဲလ် မျိုးစပ်ရန်၊ အပင်များရှိ ကုန်ကြမ်းများ သယ်ယူပို့ဆောင်ခြင်း၊ သို့မဟုတ် လူ့ကိုယ်ခန္ဓာရှိ သွေးလည်ပတ်စေသည့်အရာများတို့ကို စူးစမ်းရှာဖွေကြသည်။ ဓာတုဗေဒတွင် ဓာတ်ငွေ့အမှုန်လေးများ ရွှေ့လျားမှုကြောင့် ပေါက်ကွဲမှုဖြစ်ပေါ် နိုင်သည်။ ရူပဗေဒတွင် အရှိန်၊ ဆွဲအား၊ ရေထု၏အလေးချိန်၊ ‌ရွှေ့လျားမှု နိယာမ၊ တွန်းအား၊ အဟုန် စသည်တို့ကို လေ့လာနိုင်သည်။

အဓိက ရည်ရွယ်ချက်များ
  1. ကောင်းမွန်သောအာကာသယာဥ်ကို ဒီဇီုင်းဆွဲခြင်း။
  2. ပေးထားသော ပစ္စည်းများကိုသာ အသုံးပြုပြီး ၎င်းကိုယ်တိုင်သာသွားနိုင်သော အတည်ငြိမ်ဆုံး ဘီးတပ်ယာဥ်ကို ဖန်တီးခြင်း။
  3. ရိုဗာကားပြိုင်ပွဲတွင် ပါဝင်ခြင်း။
လမ်းညွှန်မှုမေးခွန်းများ
  1. ပေးထားသောပစ္စည်များဖြင့် ဘီးတပ်ယာဥ်ကို သင်ပြုလုပ်နိုင်ပါသလား။
  2. သင့်အာကာသယာဥ်၏ အတည်ငြိမ်ဆုံး ပုံစံ/ဒီဇိုင်းကို မည်ကဲ့သို့ သင်တည်ဆောက်မည်နည်း။
  3. ယာဥ်ကို ၎င်းကိုယ်တိုင်ရွှေ့နိုင်အောင် ‌ပေးထားသော ပစ္စည်းများတွင် မည်သည့် ပစ္စည်းကို အသုံးပြုနိုင်မည်နည်း။
  4. သင့်ယာဥ် ရွှေ့လျားမှုကို မည်သည့် အကြောင်းအရာများက အကျိုးသက်ရောက်နိုင်သနည်း။
  5. အာကာသတွင် သင်၏ယာဥ်ကို အသုံးပြုရန်ဖြစ်နိုင်ပါသလား။ ရှင်းပြပါ။

စာရေးသူများ

Rhoda Lyn