အရင်းအမြစ်များ

လျှပ်စစ်ဓာတ်အားပေးစက် <--> မော်တာ

အလယ်အလတ်
Generator  Motor Photo: © iStock onlyyougj
1 Star2 Stars3 Stars4 Stars5 Stars (1 )
Loading...
အရင်းအမြစ်
လက်တွေ့စမ်းသပ်မှု
ဘာသာရပ်များ
အင်ဂျင်နီယာ ရူပဗေဒ
ခေါင်းစဉ်များ
စွမ်းအင် အင်ဂျင်နီယာလုပ်ငန်းစဉ်
လှုပ်ရှားမှုများအတွက်အချိန်
၂-၃ နာရီ

ဤစီမံကိန်းသည် ဂျင်နရေတာမော်တာ တပ်ဆင်မှုကဲ့သို့သော ရိုးရှင်းသော စက်ပစ္စည်းများဖြင့် ဓာတုဗေဒနှင့် စက်မှုပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်အချို့ ဖော်ထုတ်ခြင်းကို ခွင့်ပြုပါသည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

လျှပ်စစ်ဓာတ်အားဘယ်ကနေလာသလဲလို့ သင်တွေးမိဘူးလား? လွန်ခဲ့သော နှစ်ပေါင်း ၁၅၀အတွင်း လျှပ်စစ်ဓာတ်အားသည် ကျွန်ုပ်တို့ ဘဝတွေကို ချက်ချင်းပြောင်းလဲပစ်ခဲ့သည်။ သို့သော် လူအများစုကတော့ လျှပ်စစ်ဓာတ်အားက သူတို့အိမ်နံရံ၏ မီးပေါက်လာထင်လို့ပဲထင်နေကြသည်။ သင် လျှပ်စစ်ဓာတ်အားမရှိပဲ ကမ္ဘာပေါ်မှာနေထိုင်ရန် သင်စိတ်ကူးကြည့်ဖူးပါသလား?

အမှိုက်မှ ရိုးရှင်းသော စက်တည်ဆောက်ဖို့ မလွယ်ကူပါဘူး။အဲ့လိုပဲ လျှပ်စစ်ဓာတ်အားပေးစက် အသေးစား ထုတ်လုပ်ဖီု့ဆိုတာလည်း အနည်းငယ်ရှုပ်ထွေးပါတယ်။ ယခုပရောဂျက်တွင် ကျွန်တော်တို့ဒါကို အတိအကျလုပ်ဆောင်မှာပါ။

ယခုပရောဂျက်သည် ကျောင်းသားများကို ရူပဗေဒနှင့် အင်ဂျင်နီယာ ဘာသာရပ်များရှိ အချို့သော စိတ်ဝင်စားဖွယ် အကြောင်းအရာများကို လေ့လာနိုင်မှာ ဖြစ်ပါသည်။ မော်တာလျှပ်စစ်ဓာတ်အားပေးစက်ကဲ့သို့ လွယ်ကူသောစက်ပစ္စည်း တပ်ဆင်ပုံကို သင်ယူလေ့လာနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးပါပဲ။ ဒီမှာပဲ ကျွန်ုပ်တို့က လျှပ်စစ်ဓာတ်အားဘယ်လိုထုတ်လုပ်သလဲ နှင့် ထုတ်လုပ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုလည်း လေ့လာသင်ယူနိုင်မည်ဖြစ်သည်။

မော်တာသည် ၎င်းဝင်ရိုးလည်ပတ်နိုင်ရန်အတွက် ရွေ့လျားနိုင်သောစွမ်းအင် အရွေ့စွမ်းအင် လိုအပ်သည်။ ထိုစွမ်းအင်သည် မည်သည့်နေရာမှလာသနည်း? ၎င်းသည် လူသား လုပ်အားမှ လာနိုင်သည်။ ကျောင်းသားများမှလာနိုင်သည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဤပရောချက်ဖြင့် အင်ဂျင်နီယာ ဒီဇိုင်းလုပ်ငန်းစဥ်ကို တည်ဆောက် ပြသရန် အသုံးပြုနိုင်သည်။ စက်တစ်ခုအတွက် ထိုင်ပြီး တည်ဆောက်မယ် ပထမတစ်ခေါက်ကြိုးစားကတည်း ၎င်းစက်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ သင်စိတ်ကူးထားတာနဲ့တော့ မတူညီနိုင်ပါဘူး။ ကျောင်းသားများကို ၎င်းတို့ ကိုယ်ပိုင် ဒီဇိုင်းပုံစံများဆွဲလာခိုင်ပြီး ၎င်းဒီဇိုင်းကို စမ်းသပ်မယ် ပြီးတော့ ၎င်းတို့ကို တိုးတက်စေရန် ပြုပြင် မိုးမံမယ်ဆိုပြီး ကျောင်းသားများကို အားပေးပါ။

သက်မွေးကျွမ်းကျင် အင်ဂျင်နီယာများပင်လျှင် ပထမတကြိမ်ထဲကြိုးစားပြီးအောင်မြင်တယ်ဆိုတာ ရှားပါးလွန်းပါတယ်။

အဓိက ရည်ရွယ်ချက်များ
  1. လူသားလုပ်အားမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော စက်ကိုတည်ဆောက်ပါ။
  2. အရှိန်, ရွေ့လျားမှုနှင့် စွမ်းအင်တို့၏ဆက်နွယ်ချက်ကို နားလည်သဘောပေါက်စေပါ။
  3. အရွှေ့စွမ်းအင်သည် အချို့သော အရာဝတ္တုများရှိ အီလက်ထရွန်များကို တွန်းထုတ်ခြင်း သို့မဟုတ် ဆွဲဆောင်ခြင်းများဖြင့် သံလိုက်စက်ကွင်းကို ဘယ်လိုထုတ်ပေးသလဲဆိုတာ နားလည် သဘောပေါက်စေပါ။ ၎င်းသည် သူတို့ကို ‌ရွေ့လျားစေသည်။
  4. ကြေးနီကဲ့သို့ သတ္တုများသည် အီလက်ထရွန် လျှပ်စစ်ကူရန် အလွန်ကောင်းမွန်သည်။
  5. အကယ်၍ သံလိုက်သည် ကြေးနီဝါယာကြိုးနားတွင် လျှင်မြန်စွာရွေ့လျားပါက အီလက်ထရွန်များသည် ရွှေ့လျားပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးကြောင်း နားလည်သိရှိစေပါ။
လမ်းညွှန်မှုမေးခွန်းများ
  1. ဤပစ္စည်းများကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ကို မည်ကဲ့သို့ သင် တည်ဆောက်မည်နည်း?
  2. လျှပ်စစ်ဓာတ်အားပေးစက်၏အခြေခံသဘောတရားများမှာ အဘယ်နည်း?
  3. လျှပ်စစ်ဓာတ်အားကူးနိုင်သော အရာဝတ္တုများမှာ အဘယ်နည်း?

စာရေးသူများ

Hoàng Dương