အရင်းအမြစ်များ

မမြင်နိုင်သောအားကြောင့် မြှင့်တက်ခြင်းနှင့် နိမ့်ကျခြင်း

အလယ်အလတ်
Photo: © Harishbabu-Kalidasu
1 Star2 Stars3 Stars4 Stars5 Stars (4 )
Loading...
Resource Type
လက်တွေ့စမ်းသပ်မှု
Subjects
အင်ဂျင်နီယာ ရူပဗေဒ
Topics
စွမ်းအင် အင်ဂျင်နီယာလုပ်ငန်းစဉ်
Time for activity
01:00

ဤစီမံကိန်းသည် လီဗာ သို့မဟုတ် ဆင်ခြင်လျှော ကဲ့သို့သော သာမန်စက်များဖြင့် ဓာတုဗေဒနှင့် စက်မှုပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်အချို့ ဖော်ထုတ်ခြင်းကို ခွင့်ပြုပါသည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

သင်သည် မြေပြင်ကိုမထိဘဲ ပိုက်ကွန်ကိုကျော်ပြီး ဟိုဘက်ဒီဘက်ပုတ်ကစားရတဲ့ ဘောလီဘော ကစားဘူးပါသလား? ပိုက်ကွန်၏တစ်ဘက်တစ်ချက်တွင်ရှိသော တကယ်တော့ စက်နှစ်ခုပါရှိသည့် စက်ပစ္စည်းတစ်ခုကိုတည်ဆောက်ဖို့ရန် သင်စိတ်ကူးဖူးပါသလား?ဤအရာသည် ကျွန်ုပ်တို့ အင်ဂျင်နီယာဒီဇိုင်း ပရောချက်တွင် ပြုလုပ်သွားပါမည်။ သို့သော် ဘောလီဘောကွင်းကဲ့သို့ အရွယ်အစားမျိုးတော့မဟုတ်ပေ။ ထိုအစား ကျွန်ုပ်တို့သည် ပင်ပေါင်ကစားသည့် ဟိုဘက်ဒီဘက်သွား ပို၍ သေးငယ်သော ပိုက်တန်း ဖြင့် (စာရွက်ခေါက်ထားသော) မိတ်ဆက်ပေးနိုင်ရန်ကြိုးစားသွားပါမည်။

ဤပရောချက်သည် ရူပဗေဒ နှင့် အင်ဂျင်နီယာရှိ စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို စူးစမ်းလေ့လာခွင့်ပေးမှာဖြစ်သည်။ မောင်းတံ သို့မဟုတ် စောင်းနေသောမျက်နှာပြင် ကဲ့သို့ လွယ်ကူသော စက်ပစ္စည်းများအကြောင်း သင်ယူနိုင်ရန် အခွင်းအရေးကောင်း ပင်ဖြစ်သည်။ ဤတွင် ကျွန်ုပ်တို့သည် လောက်လေးခွကဲ့သို့ ပင့်တင်၊လွှတ်တင်ပေးသော ရှုပ်ထွေးသည့် စက်ပစ္စည်းများကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။ သင်၏ဒီဇိုင်းတွင် ထိုစက်ပစ္စည်းများကို မတူညီသော ရူတောင့်မှ မည်ကဲ့သို့ ထည့်သွင်းမည်ကိုလည်းစဥ်းစားပါ။

ဘောလုံးသည် လေထဲတွင် ပျံသန်းနိုင်ရန်အလို့ဌါ ရွှေ့လျားစွမ်းအင် kinetic energy (ကိုင်နက်တစ်စွမ်းအင်)လိုအပ်သည်။မည်သည့်နေရာမှ ထိုစွမ်းအင်သည်လာသနည်း။ ဆန့်ကျုံ့နိုင်သော အလားအလာစွမ်းအင်(elastic potential energy)မှလာနိုင်သည်။ထိုစွမ်းအင်သည် သားရေကွင်းကဲ့သို့ ဆွဲဆန့်နိုင်သော အရာများတွင်ရှိသည်။ ၎င်းသည် gravitational potentialစွမ်းအင်မှရနိုင်သည်။ ထိုစွမ်းအင်သည် သင့်လက်ဖြင့် အားသုံးပြီး ပြုလုပ်လိုက်သော အလုပ်မှ မြေပြင်ကိုထိပြိး ပြန်ကန်ထွက်လာသည့် အရာဝတ္တုများတွင်ရှိသည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် အင်ဂျင်နီယာဒီဇိုင်းဖြစ်စဥ်ကို တည်ဆောက်ပြသရန် ဤပရောချက်ကို အသုံးပြုနိုင်ပြီဖြစ်သည်။ စက်တစ်ခုအတွက် ထိုင်ပြီး တည်ဆောက်မယ် ပထမတစ်ခေါက်ကြိုးစားကတည်း ၎င်းစက်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ သင်စိတ်ကူးထားတာနဲ့တော့ မတူညီနိုင်ပါဘူး။ ကျောင်းသားများကို ၎င်းတို့ ကိုယ်ပိုင် ဒီဇိုင်းပုံစံများဆွဲလာခိုင်ပြီး ၎င်းဒီဇိုင်းကို စမ်းသပ်မယ် ပြီးတော့ ၎င်းတို့ကို တိုးတက်စေရန် ပြုပြင် မိုးမံမယ်ဆိုပြီး ကျောင်းသားများကို အားပေးပါ။

သက်မွေးကျွမ်းကျင် အင်ဂျင်နီယာများပင်လျှင် ပထမတကြိမ်ထဲကြိုးစားပြီးအောင်မြင်တယ်ဆိုတာ ရှားပါးလွန်းပါတယ်။

အဓိက ရည်ရွယ်ချက်များ
  1. ပင်ပေါင်ဘောလုံးပိုက်တန်းကိုဟိုဘက်ဒီဘက်သွားလာလွှတ်တင်နိုင်သောစက်ကိုတည်ဆောက်ပါ။
  2. အားများ၊ ရွှေ့လျားမှု နှင့်စွမ်းအင်၊ လွှတ်တင်နိုင်သော ရွှေ့လျားမှု အကြားဆက်စပ်မှုကို နားလည်စေပါ။
  3. Kinetic energy(ကိုင်နက်တစ်စွမ်းအင်)သည် အရာဝတ္တု၏ဒြပ်ထုကို မူတည်ခြင်းကို နားလည်စေပါ။
လမ်းညွှန်မှုမေးခွန်းများ
  1. ပေးထားသော ပစ္စည်းများကို အသုံးပြုပြီး ဘောလုံးလွှတ်တင်ရန် စက်ကို သင်မည်ကဲ့သို့ တည်ဆောက်မည်နည်း။
  2. လွှတ်တင်လိုက်သော ဘောလုံးဆီသို့စွမ်းအင်သည် မည်သည့်နေရာမှလာသနည်း။
  3. အောက်သို့မကျအောင် ဘောလုံးကို ဖမ်းဖို့ရန် မည်သည့်စက်ကို သင်တည်ဆောက်မည်နည်း။
  4. ပိုက်တန်းကိုကျော်၍ သင်၏ဘောလုံးကို မည်ကဲ့သို့ ရယူမည်နည်း။
  5. သင်၏စက်ကို စွမ်းအင်တစ်ခုမှတစ်ခုသို့ မည်ကဲ့သို့ ပြောင်းလဲနိုင်သနည်း။
  6. ဘောလုံးကို ဖမ်းရာ၌ သို့မဟုတ် ပိုက်တန်းကိုကျော်၍မြင့်ပြီး စောက်မတ်သော လမ်းကြောင်း သို့မဟုတ် နိမ့်ပြီး အောက်လျှိုးသည့်လမ်းကြောင်းတွင် မည်သည့်လမ်းကြောင်းသည် လွယ်ကူမည်နည်း။

Authors

Harishbabu Kalidasu, Dr. Mya Thein adapted from Ben Finio, PhD, Science Buddies. This engineering project is based on the "Beach Volleyball" friendly competition designed by employees of Fluor Corporation located in Southern California.