ဆွဲငင်အား ခွဲခြားစက်

- Resource Type
- လက်တွေ့စမ်းသပ်မှု
- Subjects
- အင်ဂျင်နီယာ ရူပဗေဒ
- Topics
- စွမ်းအင် အင်ဂျင်နီယာလုပ်ငန်းစဉ်
- Time for activity
- ၂-၃ နာရီ
ဤလုပ်ဆောင်ချက်တွင် ကျောင်းသားများသည် ဟိုက်ဒရောလစ် သို့မဟုတ် လေဖိအားနည်းပညာသုံးနိုင်သော စက်ပစ္စည်းကို တီထွင်နိုင်လိမ့်မည်ဖြစ်သည်။
- မိတ်ဆက်
-
စက်ပစ္စည်းအမျိုးအစားများသည် ပုံသဏ္ဍန်မျိုးစုံ အရွယ်အစားမျိုးစုံဖြင့်လာသည်။ သေးငယ်သော အကြွေစေ့စက်မှ အစားအသောက်လုပ်ငန်း သို့မဟုတ် သတ္တုတွင်းလုပ်ငန်းတွင်အသုံးပြုသော စက်မှုလုပ်ငန်းသုံး အမှုန့်ခါချစက်ကြီးများ အထိရှိသည်။ သူတို့ကို ဘယ်လို အမျိုးအစားခွဲသလဲ ဆိုတာကို ထည့်သွင်းမစဥ်းစားဘဲ သူတို့၌ တူညီချက်တစ်ခုရှိသည်။၎င်းမှာ လွန်စွာခက်ခဲသော သို့မဟုတ် လူတစ်ယောက်လုပ်ဆောင်ဖို့မဖြစ်နိုင်သော လုပ်ငန်းတာဝန်ကို လူအစားစက်ကို အစားထိုးသုံးခြင်းဖြစ်သည်။အကယ်၍ သင်သည် ဘဏ်၌အလုပ်လုပ်သော သူတစ်ယောက်ဖြစ်ပါက အကြွေစေ့ထောင်ပေါင်းများစွာကို ရေတွက်ရမယ် သို့မဟုတ် အစားသောက်ထုတ်လုပ်သည့် လုပ်ငန်းတွင်ဖြစ်ပါက ဂျုံမှုန့် ထောင်ပေါင်းများစွာ နှင့် ပတ်သတ်လုပ်ဆောင်ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ထိုကဲ့သို့အလုပ်မျိုးလုပ်ဆောင်ရပါက စက်များသည် အသေအချာ ကူညိနိုင်မှာဖြစ်ပါသည်။
သတ္တု တူးဖော်သည့်လုပ်ငန်းတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ ဟိုးအရင်ခေတ် သတ္တုတူးဖော်ရေးသမားများသည် လူဖြင့်သာ ရွှေကျင်ခွက်လို့ခေါ်တဲ့ ဒယ်အိုးတွင် သဲ၊ အညစ်အကြေးများနှင့် ရွေတုံးများကို ခွဲခြားရာ၌ လုပ်ဆောင်ကြသည်။ ခေတ်မှီစက်မှုသတ္တုလုပ်ငန်းတွင် အလိုလျောက်ခေတ်မှီစက်ကိရိယာများဖြင့် တန်ဖိုးရှိသော ကျောက်တွင်းရတနာများ၊ သတ္တုအညစ်အကြေးနှင့် အခြားသော ကျောက်တုံးများမှ ခွဲခြားပေးရာ၌ အသုံးပြုကြသည်။ အချို့သော အမျိုးအစားခွဲ စနစ်များသည် ရှုပ်ထွေးသော လျှပ်စစ်အာရုံခံစက်များကို အသုံးပြုကြသည်။ ဥပမာသတ္တုတစ်ခုသည် သံလိုက်သတ္တိ သို့မဟုတ် မည်မျှ အလင်းပြန်နိုင်သလဲကို တိုင်းတာပြီး ၎င်းတို့ကို အမျိုးအစားခွဲခြားသည်။
အခြားသူများသည် စက်သုံးနည်းလမ်းများဖြစ်ကြသော စစ်ဆေးခြင်းဖြစ်သည့် ဒြပ်မှုန်များသည် မျက်နှာပြင်သို့ မတူညီတဲ့ အပေါက်အရွယ်အစားများဖြတ်သန်းခြင်းနည်းလမ်းကို အသုံးပြုကြသည်။ အချင်းသေးငယ်သော ဒြပ်မှုန်များသည် အပေါက်မှဖြတ်သန်းသွားပြီး ကြီးမားသော ဒြပ်မှုန်များသည် အပေါ်တွင်သာကျန်ရစ်ခဲ့သည်။ အချို့သော စနစ်များသည် လေဖိအားအသုံးပြု ပေါက်ကွဲခြင်း နည်းလမ်းကို အသုံးပြုကြသည်။ ပေါ့ပါးသောအရာဝတ္တုများသည် လေဖိအားကြောင့် ပေါက်ကွဲထွက်သွားစဥ် သိပ်သည်းဆလေးလံသည့်အရာဝတ္တုများသည် နေရာတွင် ကျန်ရစ်နေမြဲ ဖြစ်သည်။ထိုကဲ့သို့ အမျိုးအစားခွဲသည့်စက်များသညအ အကြိမ်များစွာ မော်တာဖြင့် စက်နှိုးရသည်။ သို့သော်လည်းလွယ်ကူသောစနစ်များကိုတော့ ကမ္ဘာဆွဲအားဖြင့်သာ အသုံးပြုနှိုးသည်။
ဤပရောချက်တွင် သင်၏ရည်မှန်းချက်မှာ ကမ္ဘာ့ဆွဲအားအသုံးပြု မာဘယ် အမျိုးအစားခွဲသည့် စက်ကို တည်ဆောက်ရန်ဖြစ်သည်။ ၎င်းသည် ကျောက်တုံးနှင့် ကျောက်မျက်ရတနာများကို ကိုယ်စားပြုသော ပလတ်စတစ်အလုံး အကြီးနှင့်အသေးကို ပုံ ၁ နှင့် ပုံ ၂ တါင် ပြထားသည့်အတိုင်း ခွဲခြားပေးရန်ဖြစ်သည်။ မတူညီသော အရွယ်အစား ၂မျိုးကို ထည့်ထားသော ခွက်ဖြင့်စတင်ပါ။ ၎င်းတို့ကို စက်ထဲသို့လောင်းချလိုက်ပါ။ ၎င်းနောက်စက်သည် ခွက် ၂ခုထဲသို့ ခွဲခြားထည့် ပေးလိမ့်မည်။ ပုံ ၁ နှင့် ၂ တွင်ရှိသော စက်များသည် သင်လုပ်ငန်းလုပ်ဆောင်ဖို့ရာ မည်ကဲ့သို့ချည်းကပ်ရမည်ကို သိရှိစေရန်အတွက်သာ ဥပမာပြထားခြင်းဖြစ်ကြောင်း စိတ်ထဲတွင် မှတ်သားထားပါ။ ၎င်းတို့သည် အကြောင်းဆုံးနည်းလမ်းမဟုတ်သေးပေ။ သင်သည် ၎င်းထက် ပို၍ကောင်းသော သင့်ကိုယ်ပိုင်ဒီဇိုင်းကို ဆွဲနိုင်ကောင်းဆွဲနိုင်ပေမည်။
- အဓိက ရည်ရွယ်ချက်များ
-
- ပလတ်စတစ် အကြီးနှင့် အသေးကို ခွဲခြားပေးနိုင်သော ဆွဲအားစွမ်းအင်သုံး အမျိုးအစားခွဲခြားသည့် စက်ကိုတည်ဆောက်ပါ။
- မတူညီသော အလေးချိန်များကို ခွဲခြားနိုင်ရန် ဆွဲအားအကြောင်းကို နည်းလည်သိရှိစေရန်။
- ဆွဲအားဖြင့်ခွဲခြားသောနည်းလမ်းအတွက် အခြေခံဖြစ်သော ဒြပ်ထု၊ အလေးချိန် နှင့် သိပ်သည်းဆများ၏ ကွာခြားချက်အယူအဆကို နားလည်သိရှိစေရန်။
- သတ္တုတူးဖော်ရေးလုပ်ငန်းတွင် ဆွဲအားကို မည်ကဲ့သို့အသုံးပြုကြသလဲဆိုတာကို နားလည်သိရှိစေရန်။
- လမ်းညွှန်မှုမေးခွန်းများ
-
- ဆွဲငင်အားခွဲခြားခြင်းသည် မည်သည့်အပေါ်တွင် အခြေခံထားသနည်း။
- ဆွဲငင်အားခွဲခြားခြင်းနှင့် ကျင်ခြင်း၏ကွဲပြားခြားနားချက်များမှာ အဘယ်နည်း။
- လက်တွေ့အခြေအနေတွင် ဆွဲငင်အားခွဲခြားခြင်းကို မည်သည့်နေရာတွင် တွေ့မြင်နိုင်သနည်း။
- အလေးချိန်နှင့်ဒြပ်ထုကွဲပြားခြားနားချက်များမှာ အဘယ်နည်း။
- ကမ္ဘာပေါ်တွင် အဘယ်ကြောင့် အလေးချိန်နှင့် ဒြပ်ထုမှာ အနက်အဓိပ္ပါယ်တူနေရသနည်း။
- ဒြပ်ထုသည် အလေးချိန်နှင့်မည်ကဲ့သို့ ဆက်နွယ်နေသနည်း။
- အလေးချိန်နှင့်ဒြပ်ထုကို မကြာခဏ အဘယ်ကြောင့် ရောထွေးသွားရသနည်း။