အရင်းအမြစ်များ

ဖုန်းဖြင့် ရေ နှောက်ကျိခြင်းကို စူးစမ်းရှာဖွေခြင်း

ပိုမိုကောင်းမွန်သော
SEADSTEM Exploring Water Turbidity Experiment Photo: © iStock iso_petrov
1 Star2 Stars3 Stars4 Stars5 Stars (1 )
Loading...
Resource Type
လက်တွေ့စမ်းသပ်မှု
Subjects
ဇီဝဗေဒ ဓာတုဗေဒ ရူပဗေဒ
Topics
သိပ္ပံနည်းကျစူးစမ်းခြင်း
Time for activity
၃နာရီ

ရေတွင်ပျော်ဝင်နေမှုကို တိုင်းတာရန် သာမန်နည်းလမ်းများဖြင့် ဤတွင် အဓိကထား လုပ်ဆောင်ပါမည်။ ဤအသိပညာသည် ကျောင်းပတ်ဝန်းကျင်ရှိ သို့မဟုတ် ကျောင်းသားများ၏ နေအိမ်ရှိ ရေတွင်ပျော်ဝင်နေမှုကို တိုင်းတာရန် စူးစမ်းလေ့လာရာတွင် အသုံးပြုနိုင်ပါသည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့များအားလုံးနှင့် လူသားများအားလုံး အသက်ရှင်ရန်အတွက် အလွန်အရေးကြီးသည့် သဘာဝ အရင်းမြစ်မှာ ရေဖြစ်သည်။ ရေသည် သောက်သုံးရန်၊ ဆေးကြောလျှော်ဖွက်ရန်၊ ရေချိုးရန်အတွက် လိုအပ်သည်။အပင်နှင့်အခြားသော သက်ရှိများ အတွက်လည်း အရေးကြီးသည်။ထို့ကြောင့် ‌ရေကို သန့်ရှင်းပြီး အန္တရယ်ကင်းစွာ ထားရှိဖို့ လိုအပ်သည်။ အချို့သောနေရာများတွင် ရေကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ကြပေ။ ထို့ကြောင့် အနည်များပြီး အနံ့အသက်မကောင်းခြင်းနှင့် အဆိပ်အတောက်တောင်ဖြစ်ပေါ်နိုင်သည်။

ဒါဘာကြောင့်လဲဆို‌တော့ ရေတွေကို မကြာခဏလျစ်လျှူရူခံရသည်။ လူတွေသည် ရေထဲသို့ မကြာခဏအညစ်အကြေးများ စွန့်ပစ်တက်ကြသည်။ ရေသည် နောက်ကျိလာပြီး သောက်သုံးဖို့ရန်အတွက်သာမက ဆေးကြောဖို့ရန်အတွက်ပါ မလုံခြုံတော့ပေ။ ထို့အပြင် မကြည်လင်သောရေထဲတွင် ရေနေသတ္တဝါများသည် အလင်းရောင်ခြည်မရှိသောကြောင့် မနေထိုင်နိုင်ကြပေ။ ရေထဲတွင်ရှိသော ပေါလောပေါ်နေသော အမှုန်လေးများသည်
UVနေရောင်ခြည် ပိုးသတ်ပေးမှုဖြစ်စဥ်ကို ဟန့်တားကြသည်။ ထိုအမှုန်လေးများနောက်တွင် ဗိုင်းရစ်များသည်ပုန်းကွယ်ခြင်းအားဖြင့် UV ရောင်ခြည်ကို ရှောင်ရှားကြသည်။

ဤလုပ်ဆောင်ချက်သည် ရေနောက်ကျိမှုကိုတိုင်းတာရန် လွယ်ကူသောနည်းလမ်းများကိုသာ အဓိကထားမည်။ ဤဗဟုသုတသည် ကျောင်းသို့မဟုတ်ကျောင်းသားများ၏အိမ်ပတ်ဝန်းကျင်တွင် ရေ၏နောက်ကျိမှုကို စူးစမ်းရှဖွေရန် အသုံးပြုနိုင်သည်။ တိုင်းတာဖို့ရန် ကိရိယာကိုတော့ ယနေ့ခေတ် ကျောင်းသားနှင့်ဆရာအားလုံးဆက်သွယ်ရန်အသုံးပြုကြသော ဖုန်းပဲဖြစ်ပါသည်။

အဓိက ရည်ရွယ်ချက်များ
  1. ရေထဲတွင်ပျော်ဝင်နိုင်သော၊ မပျော်ဝင်နိုင်သော အမှုန်များကို ခွဲခြားခြင်း။
  2. ရေထဲတွင်မပျော်ဝင်သော အမှုန်များသည် အလင်းရောင်ပြန် သို့မဟုတ် အလင်းရောင် ကွက်ကြားလေ့လာခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်ကြောင်းကို နားလည်စေခြင်း။
  3. အလင်းရောင်ထုတ်လွှင့်ခြင်း သို့မဟုတ် အလင်းရောင်ကွက်ကြားနှင်အလင်းရောင်ပြန် အယူအဆကိုအသုံးပြုထားပြီး ရေ၏နောက်ကျိမှုကို တိုင်းတာသည့်ကိရိယာကို ဒီဇိုင်းဆွဲခြင်း။
  4. အချက်အလက်များ စုဆောင်းခြင်း၊ ရလဒ်များကို လေ့လာစမ်းစစ်ခြင်း နှင့် အချက်အလက်များကို အနက်အဓိပ္ပါယ်ကောက်ခြင်း။
လမ်းညွှန်မှုမေးခွန်းများ
  1. မတူညီသော အရာဝတ္တုများ ထပ်လောင်းထည့်သောအခါ ရေ၏အလင်းရောင် ထုတ်လွှတ်မှုသည် မည်ကဲ့သို့ပြောင်းလဲသွားသနည်း။
  2. နောက်ကျိသောရေတွင် ရေတွင်ပျော်ဝင်နိုင်သော ပစ္စည်းနှင့် ရေတွင်မပျော်ဝင်နိုင်သော ပစ္စည်း များ ကွာခြားချက်ကို ဖော်ပြပါ။
  3. နောက်ကျိသော ရေတွင် အသုံးပြုထားသော အရာဝတ္တု၏အရည်အသွေးသည် မည်ကဲ့သို့ လွှမ်းမိုးနေသနည်း။
  4. ရေသန့်ရှင်းမှုအကြောင်း နောက်ကျိခြင်း ဒီဂရီသည် မည်ကဲ့သို့ဖော်ပြနေသနည်း။

Authors

Dr. Dharma Palekahelu, Dr. Ferdy Rondonuwu