အရင်းအမြစ်များ
ဖော်ပြချက် – ထောပတ်လုပ်နည်း အဆင့်(၇)ဆင့်
အလယ်အလတ်
Photo: © GUB e.V.
- အရင်းအမြစ်
- လက်တွေ့စမ်းသပ်မှု
- ဘာသာရပ်များ
- ဇီဝဗေဒ
- ခေါင်းစဉ်များ
- Health
- လှုပ်ရှားမှုများအတွက်အချိန်
- ၁ ရက်
နွားနို့ကိုသုံးပြီး အဆင့်(၇)ဆင့်တည်းနဲ့ မိမိကိုယ်တိုင် ထောပတ်လွယ်လွယ်လုပ်နိုင်ပါတယ်။
- မိတ်ဆက်
-
အရင်တုန်းကဆိုရင် နို့တွေကို ဒလက်ကြီးထဲထည့်မွှေပြီး ထောပတ်လုပ်ခဲ့ရပါတယ်။ အခုခေတ်မှာတော့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းမှာ နို့ထွက်ပစ္စည်းတွေက အများအပြားနေရာယူလျက်ရှိပါတယ်။ ထောပတ်ကိုလည်း နွားနို့တစ်မျိုးတည်းကမဟုတ်တော့ဘဲ သိုးနို့၊ ဆိတ်နို့တို့ကနေလည်း ထုတ်လုပ်နေကြပါပြီ။ ထောပတ်ကို မလိုင်စစ်ထုတ်ထားတဲ့နို့ကနေ ထုတ်လုပ်လို့မရပါဘူး။ မလိုင်စစ်ထုတ်တဲ့အခါ နို့ကိုဖိအားများများသုံးဖိပြီး nozzle ပြွန်ခေါင်းလေးတွေကတဆင့် ဖြတ်သန်းစေခြင်းဖြင့် နို့ထဲရှိတဲ့အဆီခဲတွေကို ချေဖျက်လိုက်ပါတယ်။ ဒီလိုချေဖျက်ခြင်းလိုက်ခြင်းဖြင့် မလိုင်ဖြစ်စေတဲ့အဆီခဲတွေက နို့ထဲမှာပြန့်သွားတာကြောင့် နို့အပေါ်ယံမှာ မလိုင်တွေ ဝေ့တက်မလာနိုင်တော့ပါဘူး။