အရင်းအမြစ်များ

လျှစ်စီးပတ်လမ်းကိရိယာ (ဆားကစ်ဘုတ်ပြား)

ပိုမိုကောင်းမွန်သော
Circuit Workbench Photo: © iStock_luchschen
1 Star2 Stars3 Stars4 Stars5 Stars
Loading...
အရင်းအမြစ်
လက်တွေ့စမ်းသပ်မှု
ဘာသာရပ်များ
ရူပဗေဒ
ခေါင်းစဉ်များ
လျှပ်စစ်ဓာတ်အား
လှုပ်ရှားမှုများအတွက်အချိန်
၆၀ မိနစ်

တန်းဆက်လျှပ်စီးပတ်လမ်းကနေ မီးသီးတစ်လုံးဖြုတ်လိုက်ရင် ကျန်မီးသီးအားလုံးမလင်းတော့ပေမယ့် ပြိုင်ဆက်လျှပ်စီးပတ်လမ်းမှာတော့ မီးသီးတစ်လုံး (သို့) တစ်လုံးထက်ပိုဖြုတ်လိုက်ရင်လည်း တခြားမီးသီးတွေ ဆက်လက်လင်းနေတာကို ယခုစမ်းသပ်ချက်များမှတဆင့် လေ့လာနိုင်ပါတ​ယ်။ တန်းဆက်ပတ်လမ်းမှာ မီးသီးများများတပ်လေ မီးသီးတစ်လုံးစီရဲ့အလင်း မှိန်လာလေဖြစ်ပြီး ပြိုင်ဆက်ပတ်လမ်းမှာတော့ မီးသီးအရေအတွက်က မီးအလင်းအမှိန်အပေါ် သက်ရောက်မှုမရှိပေ။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

တန်းဆက်လျှပ်စီးပတ်လမ်းကနေ မီးသီးတစ်လုံးဖြုတ်လိုက်ရင် ကျန်မီးသီးအားလုံးမလင်းတော့ပေမယ့် ပြိုင်ဆက်လျှပ်စီးပတ်လမ်းမှာတော့ မီးသီးတစ်လုံး (သို့) တစ်လုံးထက်ပိုဖြုတ်လိုက်ရင်လည်း တခြားမီးသီးတွေ ဆက်လက်လင်းနေတာကို ယခုစမ်းသပ်ချက်များမှတဆင့် လေ့လာနိုင်ပါတယ်။ တန်းဆက်ပတ်လမ်းမှာ မီးသီးများများတပ်လေ မီးသီးတစ်လုံးစီရဲ့အလင်း မှိန်လာလေဖြစ်ပြီး ပြိုင်ဆက်ပတ်လမ်းမှာတော့ မီးသီးအရေအတွက်က မီးအလင်းအမှိန်အပေါ် သက်ရောက်မှုမရှိပေ။

လူနေအိမ်တွေမှာဆင်ထားတဲ့ လျှပ်စီးပတ်လမ်းက တန်းဆက်လား၊ ပြိုင်ဆက်လား? ပေါင်မုန့်မီးကင်စက်နှင့်ရေဒီယိုကို ပလပ်ပေါက်တစ်ခုတည်းမှာတပ်ထားချိန် ပေါင်မုန့်မီးကင်စက်ပိတ်သွားရင် ရေဒီယိုပါပိတ်သွားမှာလား? နေအိမ်မှာအသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းတွေကို တစ်ခုချင်းစီ အဖွင့်အပိတ်လုပ်လို့ရရင် အိမ်ရဲ့လျှပ်စီးပတ်လမ်းက ပြိုင်ဆက်ဖြစ်ပါတယ်။ အကယ်၍ အိမ်မှာ လျှပ်စစ်မီးသီးတစ်လုံးကျွမ်းနေချိန် တခြားလျှပ်စစ်မီးတွေကိုပါ သုံးမရတော့ဘူးဆိုရင် တန်းဆက်ဖြစ်ပါတယ်။

တချို့ဖတ်စာအုပ်တွေမှာ ဘတ္ထရီရဲ့ အဖိုငုတ်ကနေအမငုတ်ကို လျှပ်စစ်ဖြတ်သန်းစီးဆင်းတယ်ဆိုပြီး လျှပ်စီးပတ်လမ်းရဲ့ ဦးတည်ရာလမ်းကြောင်းကို လျှပ်စစ်ဓာတ်ဖိုလမ်းကြောင်းအဖြစ် သတ်မှတ်ပါတယ်။ လက်တွေ့မှာတော့ ဝိုင်ယာကြိုးတွေထဲက လျှပ်စစ်ဓာတ်ဖိုတွေက ရွေ့လျားခြင်းအလျဥ်းမရှိပါဘူး။ ဘတ္ထရီရဲ့ လျှပ်စစ်ဓာတ်မတွေကသာ အမငုတ်ကနေအဖိုငုတ်ကို ရွေ့လျားစီးဆင်းပါတယ်။ သို့သော်လည်း အဖိုငုတ်မှစီးဆင်းလာတဲ့ လျှပ်စစ်ဓာတ်ဖိုရွေ့လျားခြင်းကို လျှပ်စီးကြောင်းအဖြစ်သတ်မှတ်တဲ့ နောက်ခံအကြောင်းအရင်းတွေရှိပြီး ထိုအသုံးအနှုန်းကို ယခုထိဆက်လက်သုံးနေဆဲပါ။ ၎င်းနည်းနဲ့သတ်မှတ်ထားတဲ့ လျှပ်စီးကို “သမရိုးကျလျှပ်စီး (Conventional Current)” လို့ခေါ်ပါတယ်။ တချို့အခြေအနေတွေမှာ (ဥပမာ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ပျော်ရည်နှင့် ဓာတ်ငွေ့တွေမှာ လျှပ်စီးဝင်နေတဲ့ဒြပ်မှုန်လေးတွေ ရွေ့လျားခြင်း) ဓာတ်ဖိုက အမှန်တကယ်ရွေ့လျားပြီး လျှစ်စီးကြောင်းဖြစ်လာစေပါတယ်။ ရိုးရှင်းတဲ့ဆားကစ်တစ်ခုအတွက် အီလက်ထရွန်စီးကြောင်း (လျှပ်စစ်ဓာတ်မစီးကြောင်း) ကိုအသုံးပြုတာက ပိုလွယ်ကူပါတယ်။ ဒီလေ့ကျင့်ခန်းမှာ လျှပ်စီးကြောင်းနှင့် အီလက်ထရွန်စီးကြောင်းဆိုတဲ့ အသုံးအနှုန်းနှစ်ခုကို ဖလှယ်ပြီးသုံးသွားပါမယ်။

အဓိက ရည်ရွယ်ချက်များ
  1. ရောင်စုံမီးကြိုးလေးတွေကို ရိုးရှင်းတဲ့ဆားကစ်ဘုတ်ပြားနဲ့သွယ်တန်းကာ ပုံစံအမျိုးမျိုးဖော်ပြီး ပွဲတော်တွေမှာ အလှဆင်နိုင်ပါတယ်။ တန်းဆက်နှင့်ပြိုင်ဆက်လျှပ်စီးပတ်လမ်းတွေရဲ့ ဝိသေသလက္ခဏာတွေကို လေ့လာရမှာဖြစ်ပါတယ်။
လမ်းညွှန်မှုမေးခွန်းများ
  1. နောက်ဆုံးသွယ်တန်းချိတ်ဆက်ပြီးတဲ့အခါ မီးသီးတွေဘာဖြစ်သွားလဲ? ထိန်ထိန်လင်းနေလား? မှိန်မှိန်လေးပဲလင်းနေလား?
  2. မီးသီးတစ်လုံးရဲ့မီးအလင်းရောင်ကို မီးသီးနှစ်လုံးထဲကတစ်လုံးစီရဲ့မီးအလင်းရောင်နဲ့ ဘယ်လိုနှိုင်းယှဥ်ကြည့်လို့ရမလဲ?
  3. မီးသီးနှစ်လုံးရဲ့လုပ်ဆောင်ချက်က သီးသန့်သွယ်တန်းထားတဲ့ မီးသီးသုံးလုံးရဲ့ လုပ်ဆောင်ချက်နဲ့ယှဥ်ရင် ဘာကွာလဲ?

စာရေးသူများ

Exploratorium Teacher Institute https://www.exploratorium.edu/snacks/circuit-workbench