အရင်းအမြစ်များ

လေဖိအားဖြင့် ဆီ၊ရေအားသုံးရသော စက်ပစ္စည်း

ပိုမိုကောင်းမွန်သော
SEADSTEM Pneumatic Hydraulic Device Experiment Photo: © iStock ratmaner
1 Star2 Stars3 Stars4 Stars5 Stars (1 )
Loading...
Resource Type
လက်တွေ့စမ်းသပ်မှု
Subjects
ဓာတုဗေဒ အင်ဂျင်နီယာ သင်္ချာဘာသာရပ် ရူပဗေဒ
Topics
အင်ဂျင်နီယာလုပ်ငန်းစဉ် သိပ္ပံနည်းကျစူးစမ်းခြင်း
Time for activity
၆၀-၉၀ မိနစ်

ဤလုပ်ဆောင်ချက်တွင် ကျွန်ုပ်တို့သည် အစိတ်အပိုင်းတစ်ခုချင်းစီ၏ လုပ်ဆောင်ပုံ၊ ဓာတ်ပြုမှုနှုန်းနှင့် အစိတ်အပိုင်းနှစ်ခုအကြား ဓာတ်ပြုမှုရလဒ်ကို ရှာဖွေဖော်ထုတ်နိုင်လိမ့်မည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

အရည်ဖိအားနှင့် လေဖိအားတို့သည် အရည်များနှင့် ဓာတ်ငွေ့များသည် အသီးသီးရှိ စက်သုံးဂုဏ်သတ္တိပါဝင်သော အယူအဆသဘောထား ရှိသည့် ဓာတုဗေဒ၊ ရူပဗေဒ နှင့်အင်ဂျင်နီယာ တို့တွင် အသုံးပြုသော နည်းပညာများဖြစ်ကြသည်။အရည်ဖိအားနှင့် လေဖိအားသည် အရည်နှင့်ဓာတ်ငွေ့ကို ဖိအားပေးအသုံးပြုခြင်းအားဖြင့် စွင်းအင်ကို ဖြစ်ပေါ်စေပြိး ထိန်းချုပ်ခြင်းအတွက် အသုံးပြုခြင်းဖြစ်သည်။အရည်ဖိအားနှင့်လေဖိအားတို့ကို ပိုက်စီးဆင်းခြင်း ၊ ဆည်မြောင်းဒီဇိုင်း၊ အရည်ထိန်းချုပ်လျှပ်စစ်ပတ်လမ်းစနစ်နှင့် အခြားသောနေရာများတါင် အသုံးချသည်။

ဤလုပ်ဆောင်ချက်တွင် ကျောင်းသားများသည် အရည်ဖိအားနှင့်လေဖိအားနည်းပညာများကို အသုံးပြုပြိး ဆန်းသစ်သောဒီဇိုင်းကို ရေးဆွဲပေးရမည်။ ဤစက်ပစ္စည်း၏အကျိုးများကို စက်လုပ်ဆောင်နိုင်သည့် လုပ်ငန်းတာဝန်များဖြင့် သတ်မှတ်ပြီး စမ်းသပ်စစ်ဆေးပါလိမ့်မည်။
ဤပရောချက်သည် ရူပဗေဒနှင့် အင်ဂျင်နီယာဘာသာရပ်တွင် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ချို့ကို စူးစမ်းလေ့လာနိုင်စေမည်ဖြစ်သည်။ အရည်ဖိအားနှင့် လေဖိအား နီယာမများအားဖြင့် စက်ပစ္စည်းစွမ်းအင်ကို မည်ကဲ့သို့ တည်ဆောင်နိုင်မလဲဆိုတာ သင်ယူနိုင်ရန် အခွင့်အရေးကောင်း တစ်ခုပဲဖြစ်သည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဤပရောချက်ဖြင့် အင်ဂျင်နီယာ ဒီဇိုင်းလုပ်ငန်းစဥ်ကို တည်ဆောက် ပြသရန် အသုံးပြုနိုင်သည်။ စက်တစ်ခုအတွက် ထိုင်ပြီး တည်ဆောက်မယ် ပထမတစ်ခေါက်ကြိုးစားကတည်း ၎င်းစက်သည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်မယ်လို့ သင်စိတ်ကူးထားတာနဲ့တော့ မတူညီနိုင်ပါဘူး။ ကျောင်းသားများကို ၎င်းတို့ ကိုယ်ပိုင် ဒီဇိုင်းပုံစံများဆွဲလာခိုင်ပြီး ၎င်းဒီဇိုင်းကို စမ်းသပ်မယ် ပြီးတော့ ၎င်းတို့ကို တိုးတက်စေရန် ပြုပြင် မိုးမံမယ်ဆိုပြီး ကျောင်းသားများကို အားပေးပါ။

သက်မွေးကျွမ်းကျင် အင်ဂျင်နီယာများပင်လျှင် ပထမတကြိမ်ထဲကြိုးစားပြီးအောင်မြင်တယ်ဆိုတာ ရှားပါးလွန်းပါတယ်။

အဓိက ရည်ရွယ်ချက်များ
  1. ဆန်းသစ်သောဒီဇိုင်းဖြစ်ပေါ်လာစေဖို့ စိတ်ကူးစိတ်သန်းများအားပေးမြှင့်တင်ခြင်း။
  2. အစိတ်အပိုင်းများတပ်ဆင်ခြင်းနှင့် ခေတ်မီပြီးကျွမ်းကျင်စွာ ထုတ်လုပ်နိုင်ရာ၌ လေ့ကျင့်ခြင်း။
  3. ဆန်းသစ်သောဒီဇိုင်းကိုအခြေခံ၍ အရည်ဖိအားနှင့်လေဖိအားနည်းပညာကိုအသုံးပြု၍ တိကျသေချာသောတာဝန်များကို လုပ်ဆောင်နိုင်သည့် တီထွင်ထားသည့်စက်ပစ္စည်းများ တီထွင်ခြင်း။
  4. စက်ပစ္စည်းရှိ အစိတ်အပိုင်းများ၏ နာမည်နှင့်လုပ်ဆောင်ချက်များကို နားလည်သိရှိစေခြင်း။
  5. အိမ်၌ စက်ကို မည်ကဲ့သို့နှင့် မည်သည့်နေရာတွင် တပ်ဆင်ရမည်ကို သိရှိခြင်း။
  6. မတူညီသော တာဝန်များကို လုပ်ဆောင်စေခြင်းဖြင့် အရည်ဖိအားနှင့်လေဖိအားတို့၏ နည်းပညာဖြင့် တီထွင်ထားသည့် စက်ပစ္စည်းစွမ်းအင်၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ခြင်း။
လမ်းညွှန်မှုမေးခွန်းများ
  1. သင်တီထွင်ထားသည့်ပစ္စည်းကို မည်ကဲ့သို့ ဒီဇီုင်းရေးဆွဲခဲ့သနည်း။
  2. သင်တီထွင်ထားသည့်ပစ္စည်းသည် မည်သည့်တာဝန်များကို ပြီးမြောက်ခဲ့သနည်း။
  3. သင်ဆန်းသစ်ထားသော ပစ္စည်းကို စွမ်းအင်မြှင့်တင်ဖို့ရန် မည်သည့်နည်းပညာကို အသုံးပြုခဲ့သနည်း? (အရည်ဖိအားသို့မဟုတ် လေဖိအား)

Authors

Rovie Pacaldo Labastida