အရင်းအမြစ်များ

လွယ်ကူသော ဖိအား စမ်းသပ်ချက်

အလယ်အလတ်
SEADSTEM Easy Pressure Test Experiment Photo: © iStock Bet_Noire
1 Star2 Stars3 Stars4 Stars5 Stars (2 )
Loading...
Resource Type
လက်တွေ့စမ်းသပ်မှု
Subjects
ဓာတုဗေဒ အင်ဂျင်နီယာ ရူပဗေဒ
Topics
စွမ်းအင် အင်ဂျင်နီယာလုပ်ငန်းစဉ် သိပ္ပံနည်းကျစူးစမ်းခြင်း
Time for activity
၆၀-၉၀ မိနစ်

ဤစီမံကိန်းသည် ဓာတုဗေဒနှင့် စက်မှုပညာရပ်တွင် စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်အချို့ ဖော်ထုတ်ခြင်းကို ခွင့်ပြုပါသည်။ မည်သည့်ပုံသဏ္ဍာန်သည် ဖိအားအခံနိုင်ဆုံးဖြစ်ကြောင်းကို သင်ယူရန် ကောင်းမွန်သော အခွင့်အလမ်းတစ်ခုဖြစ်သည်။

Sience S
Technology T
Engineering E
Mathematics M

Related

Sustainable Development Goals

မိတ်ဆက်

မတူညီသည့် ထည့်စရာခွက်ပုံစံများသည် မတူညီသော အဆင့်လိုက် လေ သို့မဟုတ် လေဖိအားကို ခုခံနိုင်သည်။ ယခုလုပ်ဆောင်ချက်သည် ‌ရေဗူး၊ ဓာတ်ငွေ့ (သို့)ရေ တိုင်ကီ တို့သည် အဘယ်ကြောင့် ကျည်တော်ပုံ ဖြစ်နေရပါသလဲဆိုတာကို ရှင်းပြပါလိမ့်မည်။ ယခုလုပ်ဆောင်ချက်သည် ကျောင်းသားတွေကို တည့်စရာခွက် ရှေ့ပြေးပုံစံများကို တည်ဆောက်ခိုင်းပါလိမ့်မည်။ သူတို့သည် လက်တွေ့လုပ်ဆောင်ချက်တွင် ဖိအားခုခံမှုကို မြင်တွေ့ရန် ထည့်စရာများကို ဖိအားပေး စမ်းသပ်ပါလိမ့်မည်။

ဤပရောဂျက်သည် ရူပဗေဒ နှင့် အင်ဂျင်နီယာ ပညာရပ်မှ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတစ်ချို့တို့ကို စူးစမ်းနိုင်မည်ဖြစ်သည်။ ဤအရာဖြင့် မည်သည့်ပုံစံသည် ဖိအားခုခံနိုင်မှု အကောင်းဆုံးလဲဆိုတာကို သင်ယူနိုင်ရန် အလွန်ကြီးမားသည့် အခွင့်အလမ်းပင်ဖြစ်သည်။

အဓိက ရည်ရွယ်ချက်များ
  1. ဖိအားစမ်းသပ်ဖို့ရန် မတူညီသော ထည့်စရာခွက် ပုံစံဖြင့် စမ်းသပ်လုပ်ဆောင်ချက် အတွက် ဒီဇိုင်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း။
  2. အမြင့်ဆုံး ဖိအားကို ခုခံနိုင်သည့် ထည့်စရာခွက် နှင့် ထိုဖိအားကို မခုခံနိုင်သည့် အခြား ထည့်စရာခွက်တို့၏ ပုံသဏ္ဍန် သွင်ပြင်လက္ခဏများကို ရှင်းပြခြင်း
လမ်းညွှန်မှုမေးခွန်းများ
  1. အဘယ်ကြောင့် ဓာတ်ငွေ့ သို့မဟုတ် ရေ ထည့်သည့်ခွက်အများစုသည် ဆလင်ဒါပုံသဏ္ဍန်ဖြင့် လာရသနည်း?
  2. မည်သည့် ထည့်စရာခွက် ပုံသဏ္ဍန်သည် ဖိအား အမြင့်ဆုံး ခံနိင်သနည်း?
  3. အမြင့်ဆုံး ဖိအားကို ခုခံနိုင်သည့် ထည့်စရာခွက်၏ ဝိသေသလက္ခဏများမှာ အဘယ်နည်း?
  4. အမြင့်ဆုံး ဖိအားကို မခုခံနိုင်သည့် ထည့်စရာခွက်၏ ဝိသေသလက္ခဏများမှာ အဘယ်နည်း?

Authors

Dr. Suthida Chamrat, Nong Jurarat