အရင်းအမြစ်များ

ကာတီရှန်ရေငုပ်သမား (CARTESIAN DIVER)

လက်သင်
© Gesellschaft für Umweltbildung Baden- Württemberg e.V.
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
အင်ဂျင်နီယာ ရူပဗေဒ
ခေါင်းစဉ်များ
သိပ္ပံနည်းကျစူးစမ်းခြင်း
လှုပ်ရှားမှုများအတွက်အချိန်
30 မိနစ်

ရေဘူးကို လက်နဲ့ညှစ်လိုက်ရင် ရေတွေက ရေငုပ်သမားဆီကို အဖိခံရပါလိမ့်မယ်။ ဖော့ဂုဏ်သတ္တိကိုလျှော့ချလိုက်ပြီး ရေငုပ်သမားက အောက်ထိမြုပ်သွားပါတယ်။ အပြန်အလှန်အားဖြင့် ရေငုပ်သမားက အောက်ထိမြုပ်သွားရင် ဖော့ဂုဏ်လည်းလျော့သွားပါတယ်။

Sience S
Technology T
Engineering E
Mathematics M
မိတ်ဆက်

Rene Descartes လို့ခေါ်တဲ့ ပြင်သစ်အတွေးအခေါ်ပညာရှင်၊ သင်္ချာပညာရှင်၊ သိပ္ပံပညာရှင်ကိုအစွဲပြုပြီး ကာတီရှန်ရေငုပ်သမားတွေလို့ ခေါ်ကြတာဖြစ်ပါတယ်။ ရေပေါ်ပေါ်နေတဲ့ ရေငုပ်သမား၊ ရေရဲ့ဘေးဘက်ခြမ်းတွေအပြင် လေနည်းနည်းလည်းရှိပါတယ်။ ရေဘူးကိုညှစ်လိုက်ခြင်းအားဖြင့် ရေဘူးထဲကဖိအားက များလာတယ်။ ရေကိုတော့ ဖိထားလို့မရတဲ့အတွက် ဖိအားကရေကိုဖြတ်ပြီး ရေငုပ်သမားဆီရောက်တယ်၊ ပြီးတော့ သူ့ကို လေတွေကလည်း ကာရံထားတယ်။ ဒီလေတွေက သူ့ကိုဖိထားတာဖြစ်တယ်။ လေထုထည်ကတော့ လျော့သွားပြီး ရေကဒီဟာကိုဖြတ်သန်းသွားတာပါ။ ရလဒ်အနေနဲ့ ရေငုပ်သမားရဲ့အလေးချိန်က တိုးလာပြီး ရေထဲမှာမြုပ်သွားတာပဲဖြစ်ပါတယ်။

အကယ်၍ ဆလင်ပေါ်ကဖိအားကို လျှော့လိုက်ရင် ရေပေါ်ကဖိအားလည်း လျော့သွားမှာဖြစ်ပြီး ရေငုပ်သမားနားကလေက တဖန်ပြန့်ကားလာမှာဖြစ်တယ်။ တစ်ဆက်တည်းမှာ ရေရဲ့နေရာကို လေကယူသွားပြီး ပြန်လည်စီးနေမှာဖြစ်တယ်။ ပြန်ပေါ့သွားတဲ့ ရေငုပ်သမားကလည်း လုံလောက်တဲ့ ဖော့ဂုဏ်သတ္တိကြောင့် ရေပေါ်ပြန်ပေါ်လာမှာပါ။ နည်းနည်းလေ့ကျင့်ရုံနဲ့ ကာတီရှန်ရေငုပ်သမားကို ရေပေါ်ပေါ်နေအောင်လုပ်နိုင်ပါတယ်။ ရေအောက်လေ့လာရေးတွေနှင့် သိပ္ပံရေငုပ်သင်္ဘောအငယ်စားတွေမှာသုံးတဲ့ drift buoys ခေါ် ရေကြောင်းပြဗော်ယာတွေကို ဒီနိယာမကိုသုံးပြီး တီထွင်ထားတာပါ။

စာရေးသူများ

Gesellschaft für Umweltbildung Baden-Württemberg e.V.