သတင်း အဖြစ်အပျက်

လူအချင်းချင်းအကွာအဝေးခြားဆက်ဆံချိန်အတွင်း SEADSTEM ရင်းမြစ်များ၏ ဝယ်လိုအားမြင့်တက်လာခြင်း

ဇွန် 2, 2020

Covid-19 ကမာ္ဘ့ကပ်ရောဂါသည် ကမ္ဘာကြီးကိုလွှမ်းမိုးထားပြီး လူအချင်းချင်း ခပ်ခွာခွာနေရမည့် အစီအမံများကြောင့် အရှေ့တောင်အာရှတစ်ခွင်ရှိ ကျောင်းများ ယာယီပိတ်ထားကြရသည့်အတွက် ဆရာများနှင့်မိဘများအနေဖြင့် အိမ်တွင်းသင်ကြားရေးနှင့် အွန်လိုင်းကျောင်းများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။

အွန်လိုင်းရင်းမြစ် ဝယ်လိုအားသည် လွန်ခဲ့သောလများအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး SEADSTEMအနေဖြင့် အွန်လိုင်းပလက်ဖောင်းသို့ လာရောက်သည့် ဧည့်သည်များ သိသိသာသာ တိုးပွားလာခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ကြသည်။ အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ၊ ခမာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်ဘာသာစကားများဖြင့်ရရှိနိုင်သော ကျွန်ုပ်တို့၏အခမဲ့ရင်းမြစ်များသည် သင့်အိမ် လုံခြုံရာနေရာမှ ပြုလုပ်နိုင်မည့် သိပ္ပံဆိုင်ရာလှုပ်ရှားမှုများ ရှာဖွေနေသည့် ဆရာများနှင့်မိဘများကို အချို့သောအကူအညီများပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။

SEADSTEM သည်လစဉ်လတိုင်း STEM ရင်းမြစ်အသစ်တစ်ခုကို ဆက်လက်တင်ပေးပါမည်။

ပိုများသောသတင်းများ