သတင်း အဖြစ်အပျက်

ပညာရေးရုပ်သံလိုင်းကို မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်သည်

© Oliver Hans Wolf Goethe-Institut Myanmar

ဇွန် 2, 2020

Goethe-Institut နှင့် GIZ တို့သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပညာရေးရုပ်သံလိုင်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးခဲ့သည်။ အသစ်တည်ထောင်ထားသော ရုပ်သံလိုင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင်စတင်ထုတ်လွှင့်ခဲ့သည်။

ရုပ်သံလိုင်းအတွက် Deutsche Welle မှ နာရီ ၅၀ ခန့်ရှိသော သိပ္ပံနှင့်နည်းပညာဆိုင်ရာအစီအစဉ်များကို လိုင်စင်ရယူထားပြီး မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်သည်။ ပညာရေးရုပ်သံလိုင်းမှ ဝန်ထမ်းများကိုလည်း ပညာရေးရုပ်မြင်သံကြားအကြောင်းအရာများထုတ်လုပ်သည့် ကဏ္ဍအားလုံးအတွက် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့သည်။

ထို့အပြင် ပညာရေးဆိုင်ရာရုပ်ရှင်များနှင့် ကိုက်ညီသော STEM သင်ကြားပို့ချရေး ရင်းမြစ် ၁၀၀ ကျော်ကို ဖန်တီးလျက်ရှိပြီး အကြောင်းအရာအားလုံးကို အွန်လိုင်းမှ လွတ်လပ်စွာကြည့်ရှုနိုင်သည့် ဒစ်ဂျစ်တယ်ပညာရေးပလက်ဖောင်းတစ်ခု (Myanmar E-Channel Media Resources မြန်မာဘာသာဖြင့် သာ ရရှိနိုင်သည်) ကို ဖန်တီးထားပါသည်။

ပိုများသောသတင်းများ