သတင်း အဖြစ်အပျက်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံလုံးဆိုင်ရာ SEADSTEM အလုပ်ရုံဆွေးနွေးပွဲ 2020

Myanmar-Workshop Goethe-Institut Myanmar

February 8-9, 2020

Yangon

မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ SEADSTEM အလုပ်ရုံဆွေးနွေးပွဲ ကို SEADSTEM မိတ်ဖက် Brainworks International School နှင့်ပူးပေါင်း၍ 2020 ခုနှစ် ဖေဖော်ဝါရီလ 8-9 ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ဆရာပေါင်း 30 ကျော် ပါဝင်ဆွေးနွေးကြမည်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ SEADSTEM နှင့် Myanmar E-Channel Media Resources ( Goethe-Institut နှင့် GIZ ၏ စီမံကိန်း) မှ သင်ထောက်ကူပစ္စည်းများကို မိတ်ဆက်ပြသရန်နှင့် ဆရာများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကာ ၎င်းတို့အနေဖြင့် စာသင်ခန်းတွင် STEM ချဉ်းကပ်နည်းကို အသုံးချပုံအကြောင်း ပိုမိုနားလည်စေရန် ဖြစ်ပါသည်။ အဆိုပါသင်ထောက်ကူပစ္စည်းများသည် လက်တွေ့သင်ကြားပြသရာတွင် မည်မျှထိရောက်မှုရှိကြောင်းကို အကဲဖြတ်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ဆရာများနှင့် ကျောင်းသားများကို ဆက်လက်အကဲဖြတ်မည်ဖြစ်ပါသည်။

နောက်ထပ်ဖြစ်ရပ်များ