အရင်းအမြစ်များ

ဓာတုစွမ်းအင် ကား

အလယ်အလတ်
Chemical-Powered Car Photo: © iStock fotos-v
1 Star2 Stars3 Stars4 Stars5 Stars (2 )
Loading...
အရင်းအမြစ်
စီမံကိန်း
ဘာသာရပ်များ
ဓာတုဗေဒ သင်္ချာဘာသာရပ် ရူပဗေဒ
ခေါင်းစဉ်များ
ရာသီဥတုပြောင်းလဲမှု အင်ဂျင်နီယာလုပ်ငန်းစဉ် ရေရှည်တည်တံ့မှု
လှုပ်ရှားမှုများအတွက်အချိန်
၃နာရီ

ဤလုပ်ဆောင်မှုတွင် ကျောင်းသားများသည် တီထွင်မှုအားကောင်းသော ဒီဇိုင်းများပြုလုပ်လာနိုင်ပြီး ဓာတုဓာတ်ပြုမှုအတွက် ကွန်တိန်နာအဖြစ် လုပ်ဆောင်မည့် အရုပ်ကားကိုလည်း ဖန်တီးလာနိုင်လိမ့်မည်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

ဓာတုဓာတ်ပြုခြင်းဆိုသည်မှာ အရာဝတ္တုတစ်ခုမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အသစ်သော အရာဝတ္တုများအဖြစ်သို့ ပြောင်းလဲသွားသော ဖြစ်စဥ်ဖြစ်သည်။ ဓာတုဓာတ်ပြုခြင်း ပုံစံအမျိုးမျိုး ရှိကြသည်။အဓိကအမျိုးအစားများကတော့ ရောစပ်ခြင်း သို့မဟုတ် ပေါင်းစပ်ခြင်း ဓာတ်ပြုမှု၊ ပြိုကွဲဓာတ်ပြုခြင်း၊တစ်ခုတည်းရွေ့ပြောင်းခံရဓာတ်ပြုမှု၊ နှစ်ခုရွေ့ပြောင်းခံရဓာတ်ပြုမှု၊ နှင့် လောင်ကျွမ်းခြင်းဓာတ်ပြုမှုတို့ဖြစ်ကြသည်။ကျွန်ုပ်တို့သည် ထိုဓာတ်ပြုမှုများကို လူသားများ၏နေ့စဥ် ဘဝတွင် တွေ့ရှိရသည်။ ထိုမတူညီသောဓာတ်ပြုမှုများကို နားလည်နိုင်ရန် စတိုအီကီရောမတြီ (Stoichiometry)ကို အသုံးချရသည်။ စတိုအီကီရောမတြီ (Stoichiometry) သည် ဓာတ်တုဓာတ်ပြုခြင်းရှိ ဓာတ်ပြုပစ္စည်းများ နှင့် ကုန်ပစ္စည်းများ အရေအတွက် ကို လေ့လာသည့် ပညာရပ်ဖြစ်သည်။ ဤအရေအတွက်လေ့လာခြင်းသည် ဓာတ်ပြုပစ္စည်းမည်မျှလိုအပ်ခြင်းနှင့် လိုချင်သော ပစ္စည်းအရေအတွက်ကို ထုတ်လုပ်နိုင်ခြင်း ကို သင်ယူရာ၌ ကူညီပေးပါလိမ့်မည်။

ဤလုပ်ဆောင်ချက်တွင် ကျောင်းသားများသည် ဆန်းသစ်သောတီထွင်မှုဒီဇိုင်း နှင့် ဓာတုဓာတ်ပြုမှုအတွက် ခွက်ကဲ့သို့လုပ်ဆောင်မည့် ကစားစရာကားကို ဖန်တီးလာနိုင်ပါလိမ့်မည်။ ထို့အတူ၊ ကျောင်းသားများသည် မုန့်ဖုတ်ဆိုဒါ (sodium bicarbonate) နှင့် ရှလကာရည် (diluted acetic acid) အကြားဓာတ်ပြုမှုကို အကျိုးရှိရှိအသုံးချနိုင်လာမည်ဖြစ်သည်။ ထိုဓာတ်ပြုမှုသည် ကစားစရာကားကို စွမ်အင်းပေးပြီးရွှေ့လျားခြင်းနှင့်အတူ ဆရာသတ်မှတ်ထားသော အကွာအ‌ဝေးကို ရွှေ့လျားစေနိုင်မည်ဖြစ်သည်။ ကျောင်းသားများသည် မတူညီသောပမာဏ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး မည်သည့် ပမာဏသည် ဓာတ်ပြုမှုအတွက်အကောင်းဆု့းဖြစ်မည်ကို သတ်မှတ်ပေးရမည့် စမ်းသပ်ချက် ၃ခုကို လုပ်ဆောင်ရပါမည်။

ဤလုပ်ဆောင်ချက် သည် ကျောင်းသားများကို တီထွင်ခြင်း နှင့်ဆန်းသစ်ခြင်း ရှိလာစေရန် တိုက်တွန်းခြင်းဖြစ်သည်။၎င်းသည် ကစားစရာကားကို ဘယ်လိုနှင့်ဘာကြောင့် ကားကို ရွှေ့လျားအောင် ချင့်ချိန်ဆုံးဖြတ်နိုင်သလဲဆိုတဲ့ အကျောင်းသားများ၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးပါသည်။ အနာဂတ်တွင် ကျောင်းသားများသည် စွမ်းအားပြည့် တကယ့်ကို လက်ခံနိုင်ပြီး စိတ်ချရသည့် အပြင် ဘေးထွက်ဆိုးကျိုး မရှိသည့် ကားကို ဓာတ်တုဓာတ်ပြုခြင်းဖြင့် တီထွင်နိုင်ကောင်း တီထွင်နိုင်မည် ဖြစ်သည်။

အဓိက ရည်ရွယ်ချက်များ
  1. ဓာတ်ပြုခြင်း ကစားစရာကုန်သေတ္တာတင်ကား ကို ဒီဇိုင်းဆွဲခြင်းနှင့် ပြုလုပ်ခြင်း။
  2. ကစားစရာကားတွင် စွမ်းအင်ကို ဓာတ်တုဓာတ်ပြုခြင်းဖြင့် အကျိုးရှိစွာအသုံးချခြင်း။
  3. ဓာတ်ပြုခြင်းအတွက်ဟန်ချက်ညီဓာတုညီမျှခြင်းကိုရေးသားပါ။
  4. ပြီးပြည့်စုံသော ဓာတ်ပြုမှုအတွက် ပေးထားသော ရှလကာရည်ပမာဏနှင့် ယှဥ်၍မုန့်ဖုတ်ဆိုဒါ ပမာဏကို တွက်ချက်ခြင်း။
လမ်းညွှန်မှုမေးခွန်းများ
  1. သင်၏ကားကို မည်ကဲ့သို့ ဒီဇီုင်းဆွဲမည်နည်း။
  2. မည်သည့်ပစ္စည်းကို ကားဘီးကဲ့သို့အသုံးပြုမည်နည်း။ အဘယ်ကြောင့်နည်း။
  3. ကားစက်နှိုးဖို့ရန် မည်သည့် ဓာတုဓာတ်ပြုခြင်းပါဝင်သနည်း။
  4. သင်၏ကားဒီဇိုင်းသည် ကား၏ရွှေ့လျားမှုကို မည်သို့သော အကျိုးသက်ရောက်သနည်း။
  5. စမ်းသပ်ချက် တစ်ခေါက်ချင်းစီတွင် ကားသည် မည်မျှဝေးဝေးသွားနိုင်သနည်း။
  6. စမ်းသပ်ချက်တစ်ခေါက်ချင်းစီတွင် ဓာတ်ပြုခြင်း အချိန်မည်မျှအကြာခံနိုင်သနည်း။

စာရေးသူများ

Rovie Pacaldo Labastida