အရင်းအမြစ်များ

ကောင်းကင်ပြာ

အလယ်အလတ်
© Image by Mint_Foto from Pixabay
1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading...
အရင်းအမြစ်
လက်တွေ့စမ်းသပ်မှု
ဘာသာရပ်များ
ဘူမိသိပ္ပံဘာသာရပ်
ခေါင်းစဉ်များ
သိပ္ပံနည်းကျစူးစမ်းခြင်း
လှုပ်ရှားမှုများအတွက်အချိန်
၄၅ မိနစ်

နေကထုတ်လွှတ်တဲ့ အဖြူရောင်အလင်းတန်းကို အနီ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ ခရမ်းစတဲ့ ရောင်စဥ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ အလင်းဆိုတာ လှိုင်းတစ်ခုသာဖြစ်ပြီး အလင်းထဲမှာပါတဲ့အရောင်တွေက မတူတဲ့ကြိမ်နှုန်းတွေထုတ်လွှတ်ပါတယ်။ ကြိမ်နှုန်းပေါ်မူတည်ပြီး အလင်းလှိုင်းအလျားတွေ အတိုအရှည်ကွဲပြားရခြင်းဖြစ်ပါတယ်။ သက်တံမှာပါဝင်တဲ့ အရောင်အစဥ်လိုက်ကို သူတို့ရဲ့ကြိမ်နှုန်းပေါ်မူတည်ပြီး တွေ့ရတာဖြစ်ပါတယ်။ အဝါ၊ လိမ္မော်နှင့် အနီရောင်အလင်းတွေထက် ခရမ်းနှင့်အပြာရောင်အလင်းတွေရဲ့ ကြိမ်နှုန်းကပိုမြင့်ပါတယ်။

Sience S
Technology T
Engineering E
Mathematics M

ဆက်စပ်

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

မိတ်ဆက်

နေကထုတ်လွှတ်တဲ့ အဖြူရောင်အလင်းတန်းကို အနီ၊ အဝါ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ ခရမ်းစတဲ့ ရောင်စဥ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ အလင်းဆိုတာ လှိုင်းတစ်ခုသာဖြစ်ပြီး အလင်းထဲမှာပါတဲ့အရောင်တွေက မတူတဲ့ကြိမ်နှုန်းတွေထုတ်လွှတ်ပါတယ်။ ကြိမ်နှုန်းပေါ်မူတည်ပြီး အလင်းလှိုင်းအလျားတွေ အတိုအရှည်ကွဲပြားရခြင်းဖြစ်ပါတယ်။ သက်တံမှာပါဝင်တဲ့ အရောင်အစဥ်လိုက်ကို သူတို့ရဲ့ကြိမ်နှုန်းပေါ်မူတည်ပြီး တွေ့ရတာဖြစ်ပါတယ်။ အဝါ၊ လိမ္မော်နှင့် အနီရောင်အလင်းတွေထက် ခရမ်းနှင့်အပြာရောင်အလင်းတွေရဲ့ ကြိမ်နှုန်းကပိုမြင့်ပါတယ်။

နေကထုတ်လွှတ်တဲ့အဖြူရောင်အလင်းက ကမ္ဘာ့လေထုကိုဖြတ်လာတဲ့အခါ လေထုထဲမှာရှိတဲ့ ဓာတ်ငွေ့မော်လီကျူးလေးတွေနဲ့တိုက်မိပြီး နေအလင်းတန်းက ပြန့်ကျဲသွားပါတယ်။ အလင်းလှိုင်းအလျားတိုလေ လေထုကိုဖြတ်သန်းတဲ့အခါ ပိုပြန့်ကျဲလေပါပဲ။ အပြာရောင်အလင်းရဲ့ လှိုင်းအလျားက အနီရောင်အလင်းထက် ခန့်မှန်းခြေဆယ်ဆပိုတိုတာကြောင့် အပြာရောင်အလင်းက ပိုပြန့်ကျဲလေ့ရှိပါတယ်။

ဒါ့အပြင် လေထဲမှာပါဝင်တဲ့ အက်တမ်နှင့်မော်လီကျူးတွေမှာ ရီဇိုးနန့်ကြိမ်နှုန်း (Resonant Frequency) တွေရှိပါတယ်။ အနီရောင်အလင်းထက်စာရင် အပြာရောင်အလင်းရဲ့ကြိမ်နှုန်းက ရီဇိုးနန့်ကြိမ်နှုန်းနဲ့ပိုနီးကပ်ပါတယ်။ အကယ်၍ လေထဲက မော်လီကျူးတွေနှင့်တွဲလျက်ရှိနေတဲ့ အီလက်ထရွန်တွေ အတွန်းခံလိုက်ရရင် ၎င်းတို့က သဘာဝကြိမ်နှုန်းနဲ့တုန်ခါကြပြီး ထိုကြိမ်နှုန်းက အပြာရောင်အလင်းရဲ့ကြိမ်နှုန်းထက် ပိုများပါတယ်။ အပြာရောင်အလင်းက အီလက်ထရွန်တွေကို ကြိမ်နှုန်းတစ်ခုနဲ့တွန်းထုတ်လိုက်ရင် တွန်းထုတ်ခံရတဲ့ အီလက်ထရွန်ရဲ့ကြိမ်နှုန်းက သဘာရီဇိုးနန့်ကြိမ်နှုန်းနဲ့နီးကပ်ပါတယ်။ အဲ့ဒီအခါ အပြာရောင်အလင်းက ဦးတည်ဘက်ပေါင်းစုံကို ဖြာထွက်ပြီး ဒီဖြစ်စဥ်တစ်ခုလုံးကို ပြန့်ကျဲခြင်း (Scattering) လို့ခေါ်ပါတယ်။ အနီရောင်အလင်းကတော့ သူ့လမ်းကြောင်းပေါ်မှာပဲ မပြန့်ကျဲဘဲရှိပါတယ်။ ကောင်းကင်ကိုမော့ကြည့်လိုက်ရင် မြင်နေရတဲ့အရောင်က ပြန့်ကျဲသွားတဲ့ အပြာရောင်အလင်းဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်များ
  1. နေရောင်ခြည်က လေထုထဲဖြတ်သန်းဝင်ရောက်လာတဲ့အခါ နေရောင်ထဲမှာပါတဲ့ အပြာရောင်အလင်းတန်းဟာ တခြားအရာင်တွေထက် ပိုပြန့်ကျဲသွားပြီး အဝါရောင်နှင့် လိမ္မော်ရောင်အလင်းတန်းတွေက ကမ္ဘာမြေပေါ်ကို တိုက်ရိုက်ကျရောက်လာပါတယ်။ ပြန့်ကျဲသွားတဲ့အလင်းရောင်ကြောင့် ကောင်းကင်ကို အပြာရောင်အဖြစ်မြင်ရစေပြီး တိုက်ရိုက်ကျတဲ့အလင်းရောင်ကြောင့် နေဝင်ချိန်မှာတော့ ပုစွန်ဆီရောင်(လိမ္မော်နီရောင်) အဖြစ်မြင်ရစေပါတယ်။
လမ်းညွှန်မှုမေးခွန်းများ
  1. ဘာကြောင့် ကောင်းကင်က ပြာနေတာလဲ?
  2. ဘာကြောင့် နေဝင်ချိန်က နီနေရတာလဲ?

စာရေးသူများ

Exploratorium Teacher Institute https://www.exploratorium.edu/snacks/blue-sky