အကြောင်းအရာ

SEADSTEM - အရှေ့တောင်အာရှ ဒစ်ဂျစ်တယ် STEM အစီအစဉ်သည် ၂၁ ရာစု၏ စိန်ခေါ်မှုများအတွက် လူငယ်များအား အသင့်ဖြစ်စေရန် ပြင်ဆင်ပေးရာတွင် ရှုထောင့်များစွာနှင့် ပညာရပ်နယ်ပယ်များစွာ၏ အမြင်ဆိုင်ရာ ပြသနာများအား ဖြေရှင်းရန်အတွက် ပထမဦးဆုံးနှင့် အထင်ရှားဆုံး ချမှတ်ထားသည့် အယူအဆတစ်ခုကို လိုက်နာစောင့်ထိန်းမည်ဖြစ်သည်။
၂၁ ရာစုဆိုင်ရာ စွမ်းရည်များ
၂၁ ရာစုဆိုင်ရာ စွမ်းရည်များ ဆိုသည်မှာ ပညာရေးဝန်ဆောင်မှုပေးသူများ၊ စီးပွားရေး ဦးဆောင်သူများ၊ ပညာရေး ကျွမ်းကျင်သူများနှင့် အစိုးရဌာနများသည် အရှိန်အဟုန်မြင့် ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ် အဝန်းအဝိုင်းတွင် အောင်မြင်မှုရရှိနိုင်ရန်အတွက် လိုအပ်သော စွမ်းရည်များနှင့် သင်ယူနိုင်မှု အစီအစဉ်များပေါင်းစပ်ပါဝင်မှုဟု နိုင်ငံတကာအယူအဆအရ ဆိုထားသည်။ အဆိုပါစွမ်းရည်အများစုတွင် ခွဲခြမ်းစိတ်ဖြာနိုင်သော တွေးခေါ်မှု၊ ရှုပ်ထွေးသော ပြသနာဖြေရှင်းမှုနှင့် အသင်းအဖွဲ့ဖြင့်ဆောင်ရွက်မှုတို့ဖြင့် ဆက်စပ်လျက်ရှိသည်။ ၎င်းစွမ်းရည်များသည် သမားရိုးကျ ပညာရေးဆိုင်ရာ စွမ်းရည်များနှင့် ကွဲပြားလျက်ရှိပြီး အသိဉာဏ်ရှာမှီးမှုပေါ်တွင် အဓိက အခြေခံခြင်း မရှိဘဲ အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်မှု၊ ဆင်ခြင်သုံးသပ်မှု၊ တင်ပြဆွေးနွေးမှုနှင့် အသိဉာဏ်ဆိုင်ရာ ဝေမျှမှုများ ပါဝင်သည်။
STEM ဖြင့် သင်ကြားခြင်းခံရသော ကျောင်းသား/သူများသည် ကွဲပြားသော အယူအဆများကို ဖော်ထုတ်ခြင်း၊ ကျင့်သုံးခြင်း၊ ပေါင်းစပ်ခြင်း၊ ရှုပ်ထွေးသောပြသနာများကို နားလည်ခြင်းနှင့် အဆိုပါပြသနာများကို ဖြေရှင်းရန်အတွက် ဆန်းသစ်သော နည်းလမ်းများကို ထုတ်ဖော်ခြင်းများ ပြုလုပ်နိုင်သည်။
၂၁ ရာစု စွမ်းရည်များ အယူအဆနှင့် တသားတည်းရှိနေသော အစိတ်အပိုင်းမှာ STEM အား ပညာရပ်နယ်ပယ် များစွာအား အခြေခံသည့် ပညာရေးချဉ်းကပ်မှုတစ်ခုဟု နားလည်ရန် လိုအပ်သည်။ ၎င်းသည် ကျောင်းသားတစ်ဦး၏ ပညာရေးအတွက် သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာပညာ သို့မဟုတ် သင်္ချာပညာရှု့ထောင့် တစ်ခုခြင်းစီမှသာ ဖြည့်ဆည်းပေးခြင်း မဟုတ်ပေ။ ပြည့်စုံစွာ စီမံထားသော STEM ကိုအခြေခံသည့် ပညာရေး ချဉ်းကပ်မှုတွင် သဘာ၀ ပတ်ဝန်းကျင်၊ လူမှုရေး၊ စည်းမျဉ်းစည်းကမ်း၊ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍများ၏ ပြသနာများကို ဖြေရှင်းရာ၌ လိုအပ်နိုင်သော ဘာသာရပ်အားလုံးကို ပေါင်းစပ်ထားခြင်းပါဝင်သည်။ STEM ဖြင့် သင်ကြားခြင်းခံရသော ကျောင်းသား/သူများသည် ကွဲပြားသော အယူအဆများကို ဖော်ထုတ်ခြင်း၊ ကျင့်သုံးခြင်း၊ ပေါင်းစပ်ခြင်း၊ ရှုပ်ထွေးသောပြသနာများကို နားလည်ခြင်းနှင့် အဆိုပါပြသနာများကို ဖြေရှင်းရန်အတွက် ဆန်းသစ်သော နည်းလမ်းများကို ထုတ်ဖော်ခြင်းများ ပြုလုပ်နိုင်သည်။
ASEAN
ASEAN (အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့အစည်း)သည် ဒေသဆိုင်ရာ ပညာရေးအာဏာပိုင်များစွာမှ အမျိုးသား ပညာရေး မူဝါဒမြေပုံအတွင်း မဟာဗျူဟာ ရည်မှန်းချက်အဖြစ် ညွန်းဆိုထားသော ၂၁ ရာစုစွမ်းရည်များအား ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာစေရန် အထူးအာရုံစိုက်ထားလျက်ရှိသည်။ ကွဲပြားခြားနားသော ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံများ ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများသည် - ပညာရေးမှတဆင့် အဖွဲ့ဝင်နိုင်ငံများအကြား ပြိုင်ဆိုင်မှုကို ခိုင်မာလာစေရန် - ဆိုသည့် တူညီသော အမြင်ကို ဖလှယ်ထားသည်။ ပေါင်းစည်းထားသည့် STEM ချဉ်းကပ်ပုံသည် အထက်ပါအမြင်တွင် အဓိကကျလျက်ရှိသည်။ အဘယ်ကြောင်ဆိုသော ဆန်းစစ်နိုင်သော တွေးခေါ်မှု၊ ဆက်သွယ်မှု၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်မှုနှင့် ဖန်တီးနိုင်စွမ်းအစရှိသည့် ၂၁ ရာစုစွမ်းရည်များတွင် အရေးကြီးသော စွမ်းရည်များအား သင်ကြားပေးခြင်းကြောင့်ဖြစ်သည်။

ဂျာမန်ယဉ်ကျေးမှူဌာန (Goethe-Institut) သည် ဂျာမဏီနိုင်ငံ၏ ယဉ်ကျေးမှုဌာနဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၈ နိုင်ငံတွင် ဌာနပေါင်း ၁၅၇ ခု ဖွင့်လှစ်ထားလျက်ရှိသည်။
www.goethe.deဂျာမန်ယဉ်ကျေးမှူဌာန (Goethe-Institut) သည် နိုင်ငံများစွာတွင် ဂျာမန်ဘာသာစကားနှင့် ပတ်သက်၍ မြှင့်တင်လျက် ရှိပြီး နိုင်ငံတကာ ယဉ်ကျေးမှုနှီးနှောဖလှယ်မှုများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ၎င်းသည် ဂျာမဏီနိုင်ငံနှင့် ပတ်သက်၍ ယဉ်ကျေးမှု၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်သည့် သတင်းအချက်အလက် များကို ပြည့်စုံစွာ အသိပေးလျက်ရှိသည်။ အဆိုပါ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အစီအစဉ်များသည် ယဉ်ကျေးမှု နှီးနှောဖလှယ်မှုဆိုင်ရာ ဆွေးနွေးမှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပါဝင်ပတ်သက်မှုများကို အထောက်အကူဖြစ်စေရန် ပံ့ပိုး အားပေးလျက်ရှိသည်။ ၎င်းတို့သည် လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းပုံတိုးတက်လာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများကို ထိန်းသိမ်းစောင့်ရှောက်ရေးကို ခိုင်မာလာစေသည်။ အဖွဲ့အစည်းများ၊ ဂိုသေ ဌာနများ၊ ယဉ်ကျေးမှု အဖွဲ့အစည်းများနှင့် ဘာသာစကားဆိုင်ရာ ဗဟိုဌာနများ၏ ကွန်ရက်များဖြင့် ဂျာမန်ယဉ်ကျေးမှူဌာန သည် ဂျာမန်များအတွက် ပထမဆုံး ဆက်သွယ်မှုဌာနတစ်ခုအဖြစ် နှစ်ပေါင်း ၆၀ ကျော် ရပ်တည်လျက်ရှိသည်။
ဦးဆောင် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ရေရှည်ဆက်ဆံရေးအား နှစ်ပေါင်း ၉၀ ကျော် တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဂျာမဏီတွင် အဓွန့်ရှည်သော ယုံကြည်မှုကို တည်ဆောက်ရနိုင်ခဲ့သည်။ဂျာမန်ယဉ်ကျေးမှူဌာန သည် (Goethe-Institut) လွတ်လပ်၍ နိုင်ငံရေးပတ်သက်မှု ကင်းပြီး ဂျာမဏီနှင့် ၎င်း၏ ယဉ်ကျေးမှုနှင့်ပတ်သက်၍ တက်ကြွစွာဆောင်ရွက်သူများ၏ မိတ်ဖက်ဖြစ်သည်။